Friday, 31 August 2012
မာန
မာန တရား ဆိုတတော့ မရှိလေကောင်းလေပါဘဲ.. မာန ဆိုတာ မာန်ပါဘဲ . ဟန် မာန် ဆိုတာ မရှိတာ ကို အရှိလုပ်ချင်တာပါဘဲ..ငါ့မှာလဲ မာန နှင့်ပါဆိုပြီးပြောတတ်ကြသေး တယ် ... မြတ်ဘုရားဟောခဲ့တာတော့ .. မာန်မာန ဆိုတာ မိမိကိုယ် ကို ပျက်ဆီးစေကြောင်း တရားတွေ ပါဘဲတဲ့..
ကျနော်တို့ မြန်မာတွေ ပိုဆိုးပါတယ် .. မာန ရှိတယ်ဆိုပြီး ဂုဏ်ယူချင်တတ်ကြသေး.. ကဲဗုဒ္ဓဘာသာစစ်မှန်ရင် ..တရားဓမ္မတွေ လိုက်စားသူတွေ ဆို ပို သတိထားရမှာပါ.. မာန တရား ဆိုတာမရှိလေကောင်းလေပါ... တော်တော်များများပြောကြပါတယ် .. ပြည်ပ အထင်မကြီး နှင့် တဲ့ ဟုတ်ကဲ့.. ပြည်ပ ကို အထင်မကြီး သင့် ပေမယ့် ပြည်ပက ပညာတွေ ကို တော့ လေ့လာရမယ်.. ပြည်ပ ကကောင်းကွက်တွေ ကို လေ့လာအတုယူရမယ်... မဟုတ်တာ မကောင်းတာ ကို ပါယ်ပီး ကောင်းတာမှန်သမျှ လေ့လာ နည်းယူရမှာပါဘဲ... ငါသာ အသိ ငါသာအမှန်.. ငါတို့ အယူ သာအမှန် .. ငါတို့ သိတာ သာအမှန် လို့ မယူအပ်ပါဘူး..အဲဒါ ငါစွဲ စွဲ နေပါဘီ...
ပြည်ပ က ဘောင်းဘီတို ဖင်ကြပ် ကို အတုခိုးမ၀တ်သင့် တဲ့ အတုတော့ ခိုးတယ် ပြည်ပ ကနည်းပညာဗဟုသုတတွေ ကြတော့ဘာလို့ အတုမခိုးလဲ... ဘောင်းဘီရှည်ဝတ်တာ မြန်မာ ယဉ်ကျေးမှု နှင့် မသင့်လျှော်တာမှန် ပေမယ့် .. ဘောင်းဘီရှည်ဟာ မြန်မာအမျိုးသမီးတွေ အတွက် ပို လုံခြုံတယ်လို့ ကျနော်ထင်ပါတယ်..ဟုတ်ပါတယ် ဘောင်ဘီရှည်ဟာ ထမီနှင့် စာရင် ပိုပြီး လုံခြုံ အန္တရယ်ကင်းပါတယ်..မြန်မာယဉ်ကျေးမှုနှင့် မအပ်စပ်တာတော့မှန်ပါတယ်..ဒါက မိန်းကလေးတွေပါ.. အဲယောက်ျားလေးတွေရောဗျာ..ပြည်ပက မဟုတ်တဲ့အတတ်ပညာ တွေကြတော့နည်းယူလာကြတယ် ကောင်းမွန်တဲ့စိတ်ဓါတ် နှင့် ကောင်း တဲ့ နည်းပညာတွေကြတော့ဘာလို့ နည်းမယူကြပါလိမ့်.. အကုန်လုံး ကို မဆိုလိုပါ..
စကားနဲနဲ လွဲသွားဘီဗျာ.. တချို့ ကပြောကြတယ် ..ပြည်ပအားမကိုးနှင့်တဲ့.. မာနပေါ့ ကျနော် တို့ ခုသင်နေကြတဲ့ သင်္ချာ နည်းပညာတွေ မှာ ပိုက်သာဂိုရပ်.အိုင်စတိုင်း စသူတီထွင်သူတွေ က ပြည်ပ ကပါ ပြည်ပအားမကိုးရင် သူတို့ ဖေါ်ထုတ်ထားတဲ့ နည်းပညာတွေ မသင်ရုံဘဲ ရှိတော့မယ်ဗျာ.. ဓါတုဗေဒ ပညာ ၊ ရူပဗေဒပညာ.. အဲခု ကျနော်တို့ လေ့လာသုံးစွဲ နေကြတဲ့ ကွန်ပြူတာ နည်းပညာတွေ ဟာ ပြည်ပ ကပညာတွေပါ..ကုန်ကုန် ပြောရရင် ကွန်ပြူတာကြီးပါ မသုံးဘဲ နေရတော့မှာ ဟုတ်တယ်လေဗျာ ကွန်ပြူတာက ပြည်ပ ကထွက်တာကိုး... မာန မထားသင့်တာမထားကြပါနှင့်...
မာန ဆိုတာ မရှိတဲ့သူမှ မာနထားတာပါ... မာန်ထောင်တယ် ဆိုတာ မင်္ဂလာ တရားနှင့်လဲ မညီ ပါဘူး ပညာတွေ နည်းတွေ ရမယ်ဆို၇င် မာန်မာန တွေခ၀ါချပီး ခြေသုတ်ပုဆိုး မြွေဆွယ်ကြိုးသို့  လေ့လာရမှာပါဘဲ.. ကျနော်တို့ ဆီမှာ ငှက်ကျီးတောင်ဓါး လောက် လုပ်တတ်တာကို ဂုဏ်ယူ မောက်ကြွား နေဖို့ထက် တဘက်နိုင်ငံ ကဘာတွေ လုပ်နေပီ ဒို့ လဲ ဘယ်လို လုပ်သင့်တယ်ဆိုတာ . ယှဉ်ရတော့မှာပါ...
ခုတော့ မာန်မာနတွေ ထောင်လွား နေခဲ့ လို့  ကျနော်တို့ နိုင်ငံ ပတ်ဝန်းကျင်နိုင်ငံတွေ အောက် နောက်ကျန်ခဲ့ပီဆိုတာ ငြင်းနေစရာမလိုဘဲ သူတို့ တစ်တွေ ရဲ့ တိုးတက်နေတဲ့စီးပွားရေးတွေ ကသက်သေပြနေပါပီ...
ဆိုတော့ ..အချုပ်အားဖြင့်ဆိုရရင် ဘယ်သူမဆို မာန်မာန ထောင်လွားခြင်းမှကင်းကြပါစေ ငါသာသိ ငါသာတတ် . ငါနိုင်တယ် ဆိုတဲ့ ငါစွဲမာန်မာန တွေ မထောင်လွားကြဘဲ ..မသေခင်စပ်ကြား... မာန်မာန ကင်းပီး အေးချမ်းစွာနှင့် နိုင်ငံတော်လဲတိုးတက်ပါစေ ..မိမိတို့ ဘ၀လဲ တိုးတက်ပါစေ.. ဖေါ်အဲဗားလာ ပရိတ်သတ်လဲ အမြဲတိုးတက်ပ်စေလို့ ...
ဆန္ဒချွေလျှက်
Labels:
သုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment