Friday, 31 August 2012
ရိုသေထိုက်သူ ကို ရိုသေခြင်း
ဂါရဝေါစ ဆိုတာ ရိုသေထိုက်သူကို ရိုသေခြင်းပါဘဲ ရိုသေထိုက်မှ ရိုသေရမှာပါ ရိုသေခြင်းငှာ မထိုက်ရင် ဘာကောင်ကြီးဖြစ်နေနေ ရိုသေစရာမလိုဘူး လို့ ဆိုလိုတာပါ။ မိဘ တွေဟာ သားသမီး အတွက်နေပူမရှောင်မိုးရွာမရှောင် ရှာဖွေ ကျွေးမွေးပြုစု ခဲ့ရသူတွေဖြစ်လို့ ရိုသေထိုက်သူတွေပါဘဲ။ ဆရာသမားဟာဆိုရင် လဲ အဲဒီအတိုင်းပါဘဲ ပညာရပ်အသီးသီး ကို သင်ကြားပေးလို့ ရိုသေထိုက်သူတွေပါဘဲ။ အဲ ခုခေတ် သိထားဖို့ က ဟုတ်၏ မဟုတ်၏မတွေး ဘဲ နင် အဲလို မှ မဟုတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြော ပီး ယတြာခြေခိုင်း ယတြာဘိုးယူ လိမ်လည်နေတဲ့ ဘိုးတော် တွေ ဘွားတော် တွေ ကို ယုံကြည် ကိုးကွယ်နေကြတာ သတိထားဘို့ လိုပါဘီ။ ပြောတော့ ဗုဒ္ဓဘာသာ လုပ်တော့ ဗြဟ္မဏ ၀ါဒတွေ။( ဗုဒ္ဓဘာသာမှာ ယတြာ ခြေစရာမလိုပါဘူး။ နက္ခတ်တွေ မလိုပါဘူး နက္ခတ် ဆိုတာ သက်မဲ့ အစိုင်အခဲကြီး တခုပါ စကြာဝဠာထဲမှာရှိပါတယ် အဲဒီသက်မဲ့ နက္ခတ်တွေ က လူတွေ ကို ကောင်းတာရော ဆိုးတာရောဖန်တီးပေးနိုင်ပါ့မလား စဉ်းစားပါ) - စကားချပ်-
အဲစကားလမ်းသွေဖြီသွားတယ် ခုနကပြောတဲ့ဘိုးတော်တွေ ဘွားတော်တွေ အကြားအမြင်ဆရာတွေ က ရိုသေစွာကိုးကွယ်ထိုက်သူတွေလား..အကြားအမြင်ဆရာတွေ ကို ကိုးကွယ်နေကြတာများ သနားစရာတွေ ပါဘဲ ။ ဘုရားရဟန္တာတောင် ညာဏ် မကွန့် မြူးဘဲ မသိနိုင်ပါဘူး။ အကြားအမြင်ဆိုသေူတွေ က ဘယ်လောက်ကြာကြာ တရားထိုင်ဘူးပီး တရားအဆင့် ဘယ်လောက်ရှိနေသူတွေလဲ.. စဉ်းစားရမှာပါ။ အရမ်းကာရော မယုံ မိပါစေနှင့်။
တော်တော်နှမြောဘို့ ကောင်းတာတခုကတော့ တိုင်းပြည်နှင့် လူမျိုးအကျိုး အရိုးကြေကြေ အရေခမ်းခမ်း အသက်ကိုတောင်ပဓာန မထားဘဲ ကြိုးပမ်းဆောင်ရွက်သွားတဲ့ လွတ်လပ်ရေးကျေးဇူး ရှင် ကို ရိုသေရမှန်းမသိ ပြစ်ပါယ်နေကြတာတော့ မင်္ဂလာ တရားနှင့် မညီတဲ့အတွက် ပစ်ပါယ် သင့်တဲ့ လုပ်ရပ်တွေပါဘဲ... အဲ ရိုသေထိုက်သူဆိုတာ အဲလို တိုင်းပြည် လူမျိုး ဘာသာ သာသနာ ကို အကျိုးပြုမယ့်  ပုဂ္ဂိုလ်မျိုးတွေပါ။ လောကီပညာ၊ လောကုတ္တရာပညာ၊ ငယ်ရွယ်စဉ်မှာ စကားပြော နေရေးထိုင်ရေး စကားပြောက အစသင်ကြားပေးသူ မိဘဆရာနှင့် သံဃာတော် တွေပါဘဲ၊
မကြာခင်ကျရောက်တော့မယ့် လွတ်လပ်ရေး ဖခင်ကျေးဇူးရှင် မျိုးချစ်နိုင်ငံခေါင်းဆောင် ဘဘ ဗိုလ်ချုပ်အား ဦးညွတ်လျှက်( ရိုသေထိုက်သူကို ရိုသေတတ်ကြပါစေ)
Labels:
ယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment