Friday, 31 August 2012

ကိုးကွယ်ရာအစစ်ကိုရှာဖွေကြခြင်း(၃)

ဘီစီ ၆ရာစုမှာ လူတွေ မှီခို အားထားရှာကြတာဟာ သူ့ ထက် ငါ အ လုအယက်ပါဘဲ ဗုဒ္ဓမြတ်စွာနှင့် အပြိုင် ဘုရား ဆိုပြီး ၀ါဒပြိုင် တွေ ပေါ်ထွက်ခဲ့ပါတယ် ၁၊ပုရာဏပဿပ ၂၊ပကုဓကစ္စာယန ၃၊သဉ္ဖယဗေလဋ္ဌပုတ္တ ၄၊နိဂဏ္ဌနာဍပုတ္တ ၅၊မက္ခလိဂေါသာလ ၆၊အဇိတကေသကမ္ဗလ .. အစရှိသော ဘုရားတုတွေ ပေါ်ခဲ့ပါတယ်။ ခြောက်ဦးတောင် ရှိဆိုဘဲ..တကယ်တော့ဘုရားဆိုတာ ဘာလဲဆိုတာ ဘာမှမသိသေးတဲ့သူတွေ ကို လိမ်ညာခဲ့ကြာတာပါဘဲ၊ သို့ သော်လည်း ထိုဘုရားဆိုသူတွေ ဟာ သာမာန်ထက်တော့ သာတဲ့သူတွေပါဘဲ (အဲဒီခေတ် ကတောင် လိမ်ညာ တတ်ကြသေးတာ ဆိုတော့ ခုခေတ် လို အလိမ်ညာတွေပေါတဲ့ခေတ်မှာ ဘိုးတော် ဘွားတော် အကြားအမြင် ဆရာ တွေ လုပ် ပြီး လိမ်ညာနေတာ တော့မဆန်းပါဘူး အလိမ်ခံနေရသူတွေ ကို က ညံ့ နေလို့ ပါ) တွေးကြည့်ပါ မြတ်စွာဘုရားတောင် ညာဏ်ကျက်စားမှ သိမြင်နိုင်တာပါ၊ မြင်နိုင်သိနိုင်ဖို့ ဆိုတာ ဒိပ္ဗစက္ခု ညာဏ် ရှိမှပါ ဒိညာဏ်ဟာ ရဘုရားရဟန္တာတွေ ဘဲ ရရှိနိုင်တာပါ၊ သာမာန်လူ တစ်ယောက် က အကြားအမြင်ရတယ် လို့ ထင်တဲ့သူဟာ သူ့ ထက် .အ .တဲ့သူ ဒီဇမ္ဗူမှာ ရှိအံ့မထင် သတိထားကြပါ။ အားကိုးစရာဆိုတာ သရဏဂုံပါ။ သရဏဂုံတောင် ရွတ်နေရုံဖြင့် ဘာမှ အကျိုးမရှိပါဘူး။ ရင်ထဲ က နေ ကြည်ညို ဆည်းကပ်မှပါ။ ဘ၀လွတ်မြောက်ကြောင်းတော့မဟုတ်သေးပါဘူး။ ဘ၀လွတ်မြောက်အောင်ဆိုတာကတော့ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ရမှာပါ။ မြတ်စွာ ဘုရား ကဟောခဲ့ပါတယ် အတ္တာဟိအတ္တနော နာထော မိမိကိုယ်ကို သာ ကိုးကွယ်ရာ၏ လို့ ဟောခဲ့ပါတယ်။ အားကိုးလို့ ရရင် ဘာမှမလုပ်ဘဲ အားကိုး ဆုတောင်းနေကြတော့မှာပေါ့ ။ ခုခေတ် ကျောင်းသူ ကျောင်းသားတွေ သတိထားစရာပါ။ စာတော့မကျက် မိမိကိုယ်တိုင် က မကြိုးစား စာမေးပွဲနီးမှ ဟိုဘိုးတော် ကယ်ပါ ဒီဘွားတော် ကယ်ပါ နှင့် .. ကယ်ခိုင်းတိုင်းရမတဲ့လား… ဘယ်အရာမဆို မိမိ ကိုယ်တိုင် အားထုတ်မှ ရတာပါ။အားကိုးမှားနေကြတာ တွေ သိပြုစရာပါ။

တချို့ ဗေဒင်ဆရာကို ယုံနေကြတာပါ။ ဗေဒင်ဆိုတဖေါ်မြူလာ တခုပါဘဲ။ လူတစ်ယောက်ရဲ့ ဘ၀ကို ဖေါ်မြူလာနှင့် တွက် လို့ ရမတဲ့လား။ နေအပါအ၀င်ဂြိုလ်ကြီးကိုးလုံးရယ် လရယ်နှင့်အခြားနက္ခတ်တွေ ကိုမှီးပြီးတွက်ချက်ကြတာပါ။ ရာနုန်းပြည့်မမှန် ပါဘူး။ ဒီလိုပြောတော့ ပြန်ထောက်စရာရှိပါတယ်။ သိဒ္ဓတမင်းသားမမွေးခင် ကိုယ်ဝန်ရှိတော့ ဟောကြတဲ့ ပုဏ္ဏားတွေထဲမှာ ကောဏ္ဏည ပုဏ္ဏား ဟော ခဲ့တာ တွေ ဟာ တိုက်ဆိုင်မှန်ကန်နေပါတယ်။ မှန်သင့်သလောက်မှန်ပါတယ် ရာနုန်းပြည့်မမှန် လို့ လဲ မြတ်စွာဘုရားက အားမပေးခဲ့တာပါ။ ဒီပညာတွေ ဟာ သံသရာပြတ်ကြောင်းတရားတွေမဟုတ်ပါဘူး။ တကယ်တော့ ၀ိပဿနာ ကျင့်စဉ်အတွက် အနှောက်ယှက် ဖြစ်စေတာဘဲရှိပါတယ်။ အာကာသမှာရှိတဲ့ နက္ခတ်တွေ ကလူတစ်ယောက် ကို ကောင်းအောင် မပြုပြင်နိုင်သလို ဆိုးအောင်လဲ မဖန်တီးနိုင်ပါဘူး။ စနေဂြိုလ်စီး လို့ ဆိုပီး ယတြာတွေ ခြေ နေကြတာ အံ့သြစရာပါ။အာ ကာသ မှာ ရှိတဲ့စနေဂြိုလ် က လူကို ဒုက္ခမပေးပါဘူး။ တကယ် ဒုက္ခပေးနေတာ အားကိုးများပြီးမေးနေတဲ့ဗေဒင်ဆရာပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ယတြာခြေရင်တော့ အနဲနှင့်အများ ကုန်ပြီပေါ့။

နောက်ပီး နတ် တွေ ကိုးကွယ် ကြတာ ကမ္ဘာဦးက စရှိခဲ့တာမှန် သော်လည်း ကမ္ဘာဦး က မြတ်စွာဗုဒ္ဓ မပေါ်ခဲ့သေးလို့ ပါ။ မှန်ကန်သောနည်းလမ်း ပေးမည့် ရှင်တော်ဘုရားမပေါ်သေးလို့ ပါ။ ခု နည်းပေးလမ်းပြ ရှိခဲ့ပါလျှက် တရားတွေ ပိဍကတ်တွေ အထင်အရှားရှိပါလျှက် နတ် ကိုးကွယ်လျှက် ဆက်ရှိနေတာ ဟာကမ္ဘာဦး အစ လူသား အဆင့်လောက် အသိညာဏ် ဘဲရှိတော့တာ ဆိုတာ ထင်ရှားနေပါဘီ။

ဗုဒ္ဓရဲ့သားတော် ရဟန်းတွေ ကိုယ်တိုင် ဗေဒင်တွေ ယတြာတွေ လုပ်နေကြတာ ဟာ ၀မ်းနည်းစရာပါ။ အားမနာတမ်း ရေးရလျှင် အဲလို ရဟန်းတွေ ကိုလဲ မမှီခို မဆည်းကပ်သင့်ပါဘူး။ ဆည်းကပ် မှီခိုနေမယ် ဆိုလျှင်တော့သံသရာရှည်ကြောင်း လုပ်နေပြီဆိုတာ သတိထားအပ်ပေပြီ။ မှီခိုအားထားမှားပြီဆိုတာ သိထားသင့် ပေသည်။

တချို့ ရှိပါသေးတယ် အရာရာ ဘုရား ကဖန်ဆင်းတာ တဲ့။ ဘုရားတို့ မည်သည် သတ္တ၀ါတွေ အရေးကြည့်နေသူတွေဖြစ်လျှက် ဂရုဏာရှင်ဖြစ်ပါလျှက် ရုပ်ဆိုးသူတွေ၊ ဆင်းရဲသူတွေ၊ ညာဏ်ထိုင်းသူတွေ၊ ဝေဒနာသည်တွေ အိုစုံလို့ ပါဘဲ မဟုတ်တာတွေ ဘာလို့  ဖန်ဆင်းပါလိမ့် ဆိုတာစဉ်းစား စရာပါ။ အဲလိုအတွေးအခေါ်တွေ မ၀င်မိ အားမကိုးမိပါစေနှင့် လို့ သတိပေးပါရစေ။

လူ့ ဘ၀ရောက်လာတာ လူရယ်လို့ ဖြစ်လာတာ ကံထူးလို့ ပါ။ အရိယာတရားတွေ ဟာ လူ့ ပြည် မှာဘဲ တွေ့ စေတာပါဘဲ ။ ဒါ့ကြောင့် လူဖြစ်ခိုက် ကိုးကွယ် မှုမမှားကြစေဘဲ သံသရာပြတ်ကြောင်း ၀ိပဿနာ တရားထူးများ ရှာဖွေဆည်းကပ် ရနိုင်ကြပါစေ လို့ ဆန္ဒပြုလျှက်

မှတ်ချက်။ ။ ဤစာများသည် ပ-ဒု-တ နှစ်မြန်မာ စာမှ ပြဌာန်းစာများ ကို မှီး ပြီး အခြားဖတ်မိ မှတ်မိသမျှ ကို အခြေခံရေးထားသော စာရေးသူအာဘော်များဖြစ်၍ ဗုဒ္ဓတရားများနှင့် လွဲချော်မှု ရှိပါက စာရေးသူအမှားများသာဖြစ်ကြောင်း ၀န်ခံပါရစေ။

No comments:

Post a Comment