ရေးသားမျှဝေလိုက်ပါတယ်
ဟိုရှေးတုန်း ကလို့ဆိုရမှာပေါ့ ဘုရင်ကြီး တစ်ပါး ဟာ မိဖုရားကြီး ကို တော် တော်ကြောက်ပါသတဲ့
အဲဒါနှင့် သူ့ ကိုယ်သူ သိမ်ငယ်နေတာပေါ့ ညီလာခံမှာတော့ စတိုင်နှင့် ထိုင် အမိန့်တွေပေး နေ ငါ့ မိဖုရားနှင့်တွေ့ရင် သူက ငါ့ကို အမိန့်ပေး
တာ နာခံနေရပါလားပေါ့
ဒါနှင့် မိန်းမ မကြောက်တတ်သူကိုရှာပြီး ဆရာတင်မယ် နည်းနာခံမယ်ပေါ့
ဒါနှင့် နောက်တနေ့မှာ မောင်းကြေးနင်းခတ်စေပြီး တိုင်းပြည် မှာရှိသမျှ အိမ်ထောင်ဦးစီး ယောက်ျားမှန်းသမျှ မလာ မနေရ လာရမည် တချက်လွတ် အမိန့်တော်
ဘုရင်ကြီးကလဲ မဏ္ဍပ်၂ခုဆောက်စေပြီး တစ်ခု ကတော့ မိန်းမကြောက်သူများထိုင်ရန် မဏ္ဍပ် နှင့် တခု ကတော့ မိန်းမ မကြောက် သူ
များထိုင်ရန်မဏ္ဍပ်ပေါ့ ဆိုင်းဘုတ်က လဲရေးထားသေး စာမဖတ်တ်သူပါရင်လဲ ပြောပြမဲ့သူ ကရှေ့မှာအရန်သင့်ပေါ့
မိန်းမ မကြောက်သူဆိုရင် ဆုငွေတွေလဲပေးဦးမယ် လို့ဆိုပါတယ်
ဝန်ကြီးတွေ လာကြပါတယ် မိန်းမကြောက်တဲ့ မဏ္ဍပ်မှာဝင်ထိုင်ကြပါတယ် ဘုရင်ကြီး စိတ်အားငယ်တာတွေလျှော့သွားပါတယ်
ငါ့မှာ အဖေါ်ရပြီပေါ့ ဒီ လိုနှင့် လာလိုက်ကြတာ အကုန်မိန်းမကြောက်မဏ္ဍပ်မှာဘဲ ထိုင်ကြပါသတဲ့
အဲ.....အဲဒီမှာ ထူးထူးခြား မောင်မင်းကြီးသား ရွှေတောသား တစ်ယောက် က တန်းတန်း မတ်မတ် မိန်းမ မကြောက်တဲ့ မဏ္ဍပ်မှာ ၀င်ထိုင်ပါသတဲ့ ဘုရင်ကြီး အပါအ၀င် ၀န်းကြီး ၊မူး မတ် တွေ သူ့ ကိုတော် တော် အထင်ကြီးလေးစားသွားပါသတဲ့
ဘုရင်ကြီးလဲ .. အင်း ငါတော့ ဒီကောင် ကို ကပ်မေးပြီး မိန်းမ နိုင်တဲ့နည်း သင်ယူရတော့မယ်ပေါ့ ပျော် နေတယ် ဆိုဘဲ
အဲဒါနှင့် မောင်မင်း ဒီမဏ္ဍပ်ဟာ မိန်းမ မကြောက်သူတွေ နေဖို့ဆိုတာ မောင်မင်းသိသလား ဆိုတော့ သိပါတယ် ဘုရားပေါ့
အင်း ဟုတ်ပြီ မောင် မင်း ကမိန်းမ မကြောက်သူမို့ ဒီမဏ္ဍပ်မှာရဲရဲဝန့်ဝန့် ၀င်ထိုင်ရဲတာပေါ့ဆိုတော့
ကိုရွှေတောသားဖြေပုံက ကျနော်မျိုးမိန်းမ ကဒီလိုမှာလိုက်လို့ပါဘုရား
မောင် သူများဝင်ထိုင်တဲ့နေရာမှာ ၀င်မထိုင်နှင့်နော် ဒီတခါ တော် တော် ထူးခြားတယ် မောင်ရဲ့ ဆိုပြီးမှာလိုက်ပါတယ် ...တဲ့
ဒါကြောင့် ဘယ်သူမှ မထိုင်တဲ့မဏ္ဍပ်မှာဝင်ထိုင်တာပါဘု
No comments:
Post a Comment