Friday, 31 August 2012
ကိုကွယ်ရာအစစ်ရှာဖွေကြခြင်း(၂)
လူ့  လောက ဟာ အင်မတန်ဆန်းကျယ် လှပါတယ်။ လူ့ လောက လူ့  ဘ၀သဘာဝတွေဟာလည်း ထွေပြောများ ပြားလှပါတယ်။ ကမ္ဘာဦးအစ လူသားတွေ ဟာ လောဘ၊ဒေါသ၊ မောဟတရားတွေ နည်းပါး တယ် လို့  အဆို ရှိပါတယ်။ တဖြည်းဖြည်း လူဦးရေတွေထူထပ် လာတော့ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာပါတယ်။ အဲဒီမှာ မဟာ သမ္မတ မင်း ဆိုတာပေါ်လာပါတယ် ။ မဟာ သမ္မတမင်းဆိုတာ သူ့ အလို လျှောက်ပေါ်လာတာတော့မဟုတ်ပါဘူး။ လူတွေ အားလုံးလေးစားကြည်ညိုရသူကို မိမိတို့ အတွက် ကြီးကြပ် စီမံပေးဖို့  ထိုမဟာ သမ္မတမင်းမှ ဆုံးဖြတ်လျှင် နာခံဖို့ အများဆန္ဒအရ အကျင့်စရဏ နျင့်ပြည့်စုံသူကိုတင်မြှောက် ကြတာပါ။( တကယ်တော့ ကမ္ဘာဦးကတည်း က လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာရှိခဲ့တာပါ အဲဒီတုန်းကတော့ စာတွေ ပေတွေနှင့် မဲပေးတာမဟုတ်ဘဲ ပါးစပ်ပေး လက်တွေ့ ရှေ့မှာပေါ်တင် ဆန္ဒကောက်ယူကြတာပါ ခုလို မဲလိမ်တာတွေ မဲဆွယ်တာတွေ မပေါ်သေးဘူးပေါ့ မဲဆွယ်တယ်လိမ်တယ်ဆိုတာ ကိုယ်ညံ့လို့ ပါ ကိုယ့်မှာလေးစားလောက်တဲ့အချက်တွေရှိနေရင် လူထု ကကြိုက်နေမှာပါဘဲ ကမ္ဘာဦး မဟာသမ္မတမင်း ရွေးခြယ်မှု ကသက်သေပြနေပါတယ်)(ဤကားစကားချပ်) ရွေးချယ်တင်မြှောက်ခံရသူကို လူထု က မိမိဝင်ငွေရဲ့ ဆယ်ဖို့  တစ်ဖို့ ပေးကြမယ် လို့ ကတိတွေထားခဲ့ကြပီး မလိမ်တမ်းမညာတမ်းလဲပေးခဲ့ကြပါတယ်။ မဟာသမ္မတမင်းကြီး ကလဲ ရရှိတဲ့ငွေ ကို မိမိ အတွက်ရယ် လူထုအတွက် ရပ်ရွာအတွက်ရယ်ဆိုပီးခွဲခြားပီး စီမံအုပ်ချုပ်ခဲ့ပါတယ်။ များသောအားဖြင့် မဟာသမ္မတမင်းတွေဟာ ငါးပါးသီလသာမက ဆယ်ပါးသီလထိမြဲကြတယ် လို့ လေ့ လာမှတ်သားရပါတယ် ။ ကျနော် ရေးလိုတဲ့ ကိုးကွယ်ရာအစစ်ရှာဖွေကြခြင်း ဆိုတဲ့ ခေါင်းစဉ် ကနေ အနဲငယ်သွေဖီနေလို့  စာသား ကို ပြန်ချုံ့ ပါရစေ
တချို့ လဲ မဟာသမ္မတမင်း ကို ကယ်တင်ရှင်ကြီးအလား အားထားကြ ပါတယ် တကယ်တော့ မဟာ သမ္မတမင်းလဲ လောက လူနေမှု တွေ ကို အဆင်ပြေအောင်သာ အုပ်ချုပ်စီမံနိုင်ပေမယ့် ဘ၀လွတ်မြှောက်မှု ကိုတော့ သူလဲ မတတ်နိုင်ပါဘူး။ မြေနတ်၊လေနတ်၊မီးနတ်၊တောနတ်၊တောင်နတ် စသည်မှီခိုအားထားမှု့ တွေလဲ ရှင်သန်ဆဲပါ၊ သမဏ ဗြဟ္မဏ ကိုးကွယ်မှု တွေလဲရှိဆဲပါ။ အဲဒီထဲမှာတော့ သမဏဗြဟ္မဏ က အားသာဆဲပါ။ ကမ္ဘာဦးလူသားတွေ ဟာ ဗြဟ္မာကြီးတွေ က စုတေ ပေါက်ဖွားလာသူတွေဖြစ် လို့ ဗြဟ္မာ ကို ကိုးကွယ်အားထားကြတာ လို့  ဆိုရင်မှားအံ့မထင် ကိုးကွယ်ရာ အစစ် ကလဲ ရှာမတွေ့ သေးလေတော့ မိမိတို့  ယခင် ကအားထားရာ ဗြဟ္မာမင်းကြီးကို အားထားတာဖြစ်နိုင်ပါတယ်။
ဗြဟ္မာ ကိုးကွယ်မှု ကို အနည်းငယ်တင်ပြလိုပါတယ်။ လူ့ သက်တမ်း ၁၀၀နှစ်ဟာ စတုမဟာရာဇ် နတ်ပြည် တစ်ရက် လို့ အဆိုရှိပါတယ် ။ နတ်ပြည်ခြောက်ထပ်ရှိရာမှာ တထပ်နှင့် တထပ် နှစ်ဆ ပို အသက်ရှည် သည် ဟု မှတ်သားရပါတယ်။ နတ်ပြည်ထက် ပို သက်တမ်းရှည်တာကတော့ ဗြဟ္မာ့ပြည်လို့  ဆိုပါတယ်။ ဗြဟ္မာများသက်တမ်းရှည်ပုံ က ဗြဟ္မာတွေ ကိုးကွယ်နေ တဲ့ဗြဟ္မာမင်းကြီးကိုယ်တိုင် သူ ဘယ် ကနေ ဘယ်လို လာပီး ဘယ်တော့သက်တမ်းကုန်မယ် ဆိုတာတောင် မသိအောင်ပါဘဲတဲ့… အဲဒီတော့ နတ်တွေ ဗြဟ္မာလေးတွေ က အရာရာ ငါတို့ ဗြဟ္မာကြီးကဖန်ဆင်းတာ ဆိုပြီးဗြဟ္မာမင်းကြီး ကို ကိုးကွယ် ပါတယ် ဗြဟ္မာ မင်းကြီးလဲ တကယ်တော့ ဘ၀ ဘယ် ကစဖြစ်ပြီး ဘယ်မှာဆုံးတယ် ဆိုတာ မသိပါဘူး။ ဒါပေမယ့်ကြာလာတော့ သူလဲ ဘ၀င်ကိုင် အရာရာ သူဖန်ဆင်းတာ လို့ ဆိုလာပါတော့တယ်။ အဲဒီက စ ဗြဟ္မာ ကိုးကွယ် မှု တွေ စခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိန္ဒူ သမဏ ဗြဟ္မဏ ၀ါဒဟာ ကမ္ဘာဦး ကစခဲ့တာ ဆိုလျှင် ကျနော် တို့ မငြင်းနိုင်ပါ သို့ သော် မှန်ဖို့ လိုပါသေးတယ်။
BC ခြောက်ရာစုမှာ သိဒ္ဓတ မင်းသားဟာ သူအို၊သူနာ၊သူသေ ရဟန်း ဆိုသော နမိတ် တွေမြင်ပြီး ခမည်းတော် မယ်တော် ၊ကြင်ယာတော် ယသော်ဓယာ၊ သားတော် ရာဟုလာ နှင့် ထီးနန်းစည်းစိမ်တို့ ကို စွန့် ခွာ တောထွက် ရဟန်းပြု ပြီး ခြောက်နှစ် ကာလ လွန်မြောက်သော အခါ အရာအားလုံး ကို မချွင်းမခြံ သရမ္ဘူညာဏ် ဖြင့်သိမြင်ပြီး သုံးလောကထွတ်ထား ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိပါတယ်။ ဘုရားဖြစ်ပြီး ဂေါတမအမည်ဖြင့် မိမိသိရှိသော တရားတွေ ကို နတ်၊လူ၊ဗြဟ္မာ သတ္တ၀ါတွေ ကို ဟောကြားပြသခဲ့တာကတော့ နှစ်ပေါင်း ၄၅နှစ်တိုင်တိုင် ပါဘဲ။
ဂေါတမမြတ်ဘုရား မှ ဘ၀အစ သံသရာလည်ပုံ ပဋိစ္စ သမုပ္ပါဒ် ကို ဟောကြားပြ သပေးခဲ့၍ သံသရာလည်ပုံနှင့် လောက မှီခိုအားထားရာဟာ ခန္ဓာ ဖြစ်ပျက်မှု တရားများသာဖြစ်ကြောင်း သိလာခဲ့ကြပေသည်။ သို့ သော် သိရှိသူနှင့် လော က လူ့ အရေအတွက် နှင့်နှိင်းစာသော် အလွန်နဲ ခဲ့ပါသည်။
မြတ်ဗုဒ္ဓမှ မိမိတရားမှမဟုတ် မည်သည့် တရားမဆို ပြောစကားသက်သက် မယုံဘဲ ကြင့်ကြံအားထုတ် ဟုတ်မှ ယုံကြည် ကြဘို့ လဲ မှာကြားခဲ့ပါသည်။ ဤနေရာတွင်ထောက်ချင့် ကြည့်နော် ဂေါတမ ဗုဒ္ဓရှင်တော်ဘုရားမှာ ငါသာအမှန် ငါစွဲ မစွဲ ခဲ့ကြောင်း လွတ်လပ် စွာ ကိုးကွယ်စေကြောင်းသက်သေပြနေပေ သည် ။ ဤသည်ပင် ဗုဒ္ဓဘာသာ သည် သိပ္ပံနည်းကျ လက်တွေ့  ဗုဒ္ဓဘာသာမည်ပေတော့သည်။ မည်သည့် တရားမဆို အချိန်အခါမရွေး နေရမရွေး အစမ်းသပ် ခံနိုင်ပါမှ တရားစစ်မည်ပေ မည်။
သို့ ဖြစ်၍ တရားစစ် တရားမှန် နှင့်ကြုံ ကြိုက် နေခိုက် ကျွန်ုပ် တို့  တစ်တွေ သည် အခွင့်သာခိုက် အားစိုက ထုတ်သင့် လှပေတော့သည်။ တရားရရန် အချက်များကား
၁၊ တရားစစ်တရားမှန်ဖြစ်ခြင်း
၂၊ ဟောကြားပြသနိုင်သူ ရှိ ရခြင်း
၃၊ နာကြားနိုင်သူ ဆွံ့ အ နားမကြား မဟုတ်ရခြင်း တနည်း
အပါယ် လေးဘုံသားမဟုတ်ခြင်း၊လူစင်စစ်ဖြစ်ရခြင်း
၎၊ ကျင့်ကြံဖို့ အားထုတ်ဖို့  လိုခြင်း တို့ ဖြစ်ပါတယ်
ဒါ့ကြောင့် အခွင့်အခါ ကြုံခိုက် အားစိုက်ကြပါစို့  နောင်အခါ နောင် ဘ၀မှာ ဒီလို အခွင့် အရေး အားကိုးအားထားရနိုင်ဘို့  မလွယ် နိုင်ကြောင်း အားကိုးရာအစစ် သည် စစ်မှန်သော တရား နှင့် မိမိ သာလျှင်ဖြစ်ကြောင်း …..
အချိန်မရှိလို့  ပါရမီမပါလို့ ဆိုသော ဆင်ခြေများရုပ်သိမ်းပီး စစ်မှန်သောတရားနှင့်တွေ့ ကြုံခိုက် လူဖြစ်လာခိုက်မှာ ကြိုစားကြပါစို့ လို့ 
အသိပေးနိုးဆော်လျှက်
ခန္ဓာညာဏ်ရောက် တရားပေါက်ကြပါစေ
မှီငြမ်း…. ပ-ဒု နှစ်မြန်မာစာ
….. တောင်မြို့ မဟာ ဂန္ဓာရုံ ဆရာတော် တရားများ
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment