Friday, 31 August 2012
နိဝါတောစ
နိဝါတောစ မိမိ ကိုယ်ကို နှိမ့်ချတတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါး လို့ မြတ်စွာဘုရားဟောခဲ့ပါတယ်။ မိမိကိုယ် ကို နှိမ့်ချ တဲ့နေရာမှာတော့ ရှင်သာရိပုတ္တရာကို ဘယ်သူမှ မမှီဘူးလို့  ဆိုပါတယ်။ ခုခေတ် လူငယ်တွေ သတိထားသင့်ပါတယ် အမေ မိဘ ကများပြောရင် ခင်များတို့ ခေတ်နှင့် ဒီခေတ်တူမလားဗျ ခင်များကြီးတို့ ဘာနားလည် လို့ လဲ. ခင်များကြီးတို့  အဖိုးကြိးတွေ အဖွားကြီးတွေ ငြိမ်ငြိမ်နေကြစမ်းပါ ဆိုတာမျိုးတွေကြားနေရတတ်ပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်ကြီးကြတော့လဲ အလွန်နှိမ့်ချတတ်ဆိုဘဲ မနက်ခင်းမှာ ကလေးတစ်ယောက် ကို ရှင်ပြု သင်္ကန်းဝတ်ပေး ပြီး သင်္ကန်းဝတ်နည်း တွေ သင်ပေး စည်းကမ်းတွေ သင်ပေးပါသတဲ့ .. အဲဒီထဲမှာသူသင်ပေးတာက ကိုရင် သင်္ကန်းကို ခြေကျင်းဝတ်အောက်လဲ မရောက်စေနှင့် ဒူးအထက်လဲမရောက်စေနှင့် အစွန်းနှစ်ဘက်ညီပါစေ စသဖြင့် သပ်သပ် ရပ်ရပ် ၀တ်တတ်အောင် သင်ပေးတော်မူပါသတဲ့.. မွန်းလွဲ ပိုင်းလောက်မှာ ရှင်သာရိပုတ္တရာ မထေကြီးဟာ အလုပ်တွေများ တော့ သင်္ကန်း ကိုလိပ်တင်ရင်း ဒူးအထက်ထိရောက်သွားပါသတဲ့..အဲဒီမှာ ကိုရင်လေးက အရှင်ဘုရား တပည့်တော်ကို သင်ပေးတော့ ဒူးအထက်သင်္ကန်း မရောက်ရဘူး လို့ သင်ပေးပြီး ခုအရှင်ဘုရားသင်္ကန်းတွေ ဒူးအထက်ရောက် နေပါတယ် အဲလိုဝတ်လို့ ရပါသလား လို့ မေးတဲ့အခါ မထေကြီးဟာ ငါသင်္ကန်းဝတ်ပေး လို့ ဒီနေ့ မှ သာသနာထဲရောက်လာတဲ့ကိုရင်ကများ ငါ့ကို ဒီလိုပြောရသလားဆိုပီး မငြိုငြင်ပါဘူးတဲ့ .. ကွယ်ရာမှာသွားပြီး သင်္ကန်းကိုပြန်ပြင်ဝတ်ပီး ကိုရင်လေးရှေ့ မှာ လက်အုပ်ချီ ဒူးတုပ်ထိုင်ပီး ဒီနေ့ မှသာသနာ့ဘောင် ရောက်လာသော ကိုရင်လေး၏ အဆုံးအမကိုလဲခံယူပါ၏ ။ ဆိုပြီး ကိုယ်ရင်လေးကို ပြန်ဆုံးမတော်မူပါဘုရားဆိုပီး ရိုသေစွာ နာခံတော်မူပါသတဲ့...
ကဲ... သာသနာမှာ မြတ်စွာဘုရားပြီးရင် ပညာအရာဧတဒဂ် ရတဲ့ ဆရာတော်မထေရ်ကြီးပါ ငါ မထေရ်ကြီးဘဲဆိုပီး နောက်ပီး ငါ သင်္ကန်းဝတ်ပေးလို့  ကိုရင် ဖြစ်တဲ့သူကများဆိုတဲ့ မာန မရှိပါဘူး
ခုခေတ်.. သတိပြုစရာပါ...ငါ ဘာကောင်.. ငါဆရာ.. ဆိုတဲ့ ငါ သမားတွေ များနေပါတယ် အဲဒီငါတွေ ရှိနေလို့ .. ငါစွဲ စွဲ နေလို့  မတိုးတက်နေတာလား ဆိုတာ တွေးသင့်ကြပါပီ...
အဲဒီမှာ.. ကြည့် ရင် မထေရ်ကြီးရယ်... ကိုရင်လေးရယ် ဆိုတာ မရှိပါဘူး စည်းကမ်းနှင့်ပါတ်သက်လာရင် စည်းကမ်းက လူ ရဲ့အထက်မှာရှိရပါမယ် စည်းကမ်းက လူအထက် မှာ ရှိနေ သမျှ တိုးတက်မှု ဆိုတာ ရှိနေမှာပါ ဆိုတာ ရဲရဲ အာမ ခံပါတယ်.. ဘာလို့ လဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ သာသနာဟာ ခုဆို နှစ်ပေါင်း ၂၅၀၀ ကျော်ပါဘီ မပျက် မယွင်းတည်နေတာဟာ စည်းကမ်းကြောင့်ပါဘဲ... နောက်ပီး လူမျိုးဘာသာသာသနာ ရေရှည် တည်ဘို့ စည်းကမ်း ကလဲ အဓိကပါဘဲ
စည်းကမ်း က စည်းကမ်းအနေနှင့် ဘဲ စာထဲမှာဘဲရှိပီး မလိုက်နာလဲ အလကားပါဘဲ နာခံတတ်ဘို့ ကလဲ အရေးကြီးပါတယ် နာခံတတ်အောင် မိမိကိုယ် ကို နှိမ်ချနိုင်တတ်ရပါမယ်...
နိဝါတောစ တရားနှင့် ပြည့်စုံကြပါစေ....
လေးစားလျှက်..
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment