Friday, 31 August 2012
ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ
ပညာရှိဆိုတာ ဘာကိုခေါ်ပါသလဲ.. ဘွဲ့ တွေ ဒီဂရီတွေ ရပီး မိုက်မဲနေသူတွေ လူသတ် နေသူတွေ လူသတ်ဖို့ကြံစည် အကြံပေးနေသူတွေ ကို ဘွဲ့ ရလို့ ဆိုပီး ပညာရှိလို့ ခေါ်မလား၊ ပညာ ဆိုတာ ကောင်း၏ မကောင်း၏ ဝေဖန်ပိုင်းခြားတတ်သော အတတ်ကို ပညာ လို့ ခေါ်ရပါမယ်။ ပညာ မှာလောကီပညာ နှင့် လောကုတ္တရာပညာ ဆိုပီးခွဲခြား ရပါမယ်။ လောကီပညာနှင့် လောကုတ္တရာပညာမှာလဲ သညာနှင့် ပညာ ထပ်ခွဲ ရပါဦးမယ် သင်ထားသမျှ အကုန် တတ်တာ သညာပါဘဲ သင်ထားတာတတ်မြောက် ပီး အဲဒါ ကို ကိုယ်ပိုင်ညာဏ်နှင့် ဝေဖန်တတ်တာ ပညာပါဘဲ။ သညာတတ်မြောက်ပီး လူမှုကောင်းကျိုးမစွမ်းဆောင်နိုင် လဲ လူ့ ကောင်းကျိုးမပေးတဲ့သူ ကို အရေးထားစရာမလိုပါဘူး ။ ခုခေတ်အဲလိုလူတွေတပုံကြီးပါ... သညာဟာ ဘ၀တခုစာ ဘဲ အကျိုးပြု ပါမယ် တချို့ ဘ၀ တခုစာတောင်အကျိုး မပြုပါဘူး..သညာတတ်ပီး သူများခိုင်းတာလုပ်နေရ တဲ့ သူတွေ သတိပြုစရာပါ ( စာရေးသူလဲပါဝင်ပါတယ်) .. အဲ မြတ်ဘုရားဆိုလိုချင်တာက အဲဒီ သညာ တတ်တဲ့သူ တွေ ကို ပညာရှိလို့ မဆိုလိုပါဘူး ဟုတ်တယ် လေ အဲဒီသညာရှိတွေ ကသူတို့ ဘ၀ အတွက်တောင်မနည်း ရုန်းကန်နေရတာ သူတို့ ကို မှီခိုနေလဲ သူတို့ လိုဘဲ ဘွတ်အဲဘွတ်အဲ လောကထဲမောနေတော့မှာပေါ့
ပညာရှိဆိုတာ ဘယ်သူတွေဖြစ်မလဲ ... ကောင်း၏ဆိုး၏ ဝေဖန်ပိုင်းခြားတတ်ပီး ဘ၀ လွတ်မြောက်ကြောင်း သံသရာ လွတ်မြောက်ကြောင်းသိ သူတွေ ကို သာ ပညာရှိလို့ ခေါ်ရပါမယ်။
သံသရာခရီးသွားနေသူတွေ ဟာ နိဗ္ဗာန်ဆိုသော ဘူတာကို လှမ်းနေသူတွေ ပါ အဲဒီတော့ အဲဒီနိဗ္ဗာန်ဆိုသော ရွှေမြို့ တော် ကို လမ်းပြနိုင်သူကိုသာ ပညာရှိလို့ ခေါ်ရမှာဖြစ်ပါတယ်။။
လောကီဘွဲ့ တွေ တသီကြီးရပီး မိဘ ကိုတောင် ပြန်လည်ကျေးဇူးဆပ်ရမှန်းမသိတတ်သော လောကီသညာတတ်သူ ကို ပညာရှိဟူ၍ ပေါင်းဖေါ်နေငြားလည်း သံသရာခရီး ပြတ်မှာမဟုတ်ပါဘူး နိဗ္ဗာန်တည်းဟူသော ရွှေမြို့ တော် ကို ရောက်ချင်သပဆိုလျှင်ဖြင့် သီလ သမာဓိတရားတွေ လက်ကိုင် ထားသော လောကုတ္တရာ ပညာရှိ ကိုသာမှီဝဲဆည်းကပ်သင့်ပေပြီ။ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်တတ်သူဟာ ဘွဲ့ တွေမရငြားလည်း ပညာတတ်ပါဘဲ။ ခန္ဓာ၏ဖြစ်ပျက် ကြောင်းတရားတွေ သိပီး ဟောကြားပြ သနိုင်သော ပညာရှိများကို မှီဝဲဆည်းကပ်နိုင်ပါစေ.. သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ နှင့်ပြည့်စုံသော ပညာရှိ တွေ ပေါ်ထွန်းနိုင်ပါစေ
ခန္ဓာပြတ်ကြောင်းတရား ကို ဟောကြားပြသနိုင်သူဆရာကောင်းများ မှီဝဲဆည်းကပ် နည်းယူနိုင်ကြပါစေ လို့  ကောင်းသောစေတနာဖြင့် ဆန္ဒခြွေလျှက်
Labels:
ဘာသာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment