Friday, 31 August 2012

ကိုးကွယ်ရာအစစ်ရှာဖွေကြခြင်း(၁)



ကမ္ဘာဦးကအစ လူတွေ ဟာ အားကိုးရာ ကိုးကွယ် ရာကို ရှာခဲ့ကြပါတယ်။သို့ သော် လည်း ကိုးကွယ်ရာအစ် ကိုးကွယ် ရာအမှန် ကို တော့ မတွေ့ ခဲ့ကြပါဘူး။ ကိုးကွယ် ရာလို့  ထင်ထား တဲ့အရာတွေ ကို က ကိုးကွယ်ရာ အစစ် မှန် မမှန် ဆိုတာ သူတို့ လဲ မသိခဲ့ကြပါဘူး။ မြေ ကြီးဟာ လူတွေ တည်မှီရာဖြစ်တယ် ဒါ့ ကြောင့် မြေကြီး ကို ကိုးကွယ်မယ် ဆိုတဲ့ အတွေးကြောင့် မြေနတ်၊ ရေလွှမ်းမိုးတတ်တဲ့ ဒေသတွေမှာတော့ သူတို့ စိတ်ထင် ရေနတ်မင်းကြီး ကစိတ်ဆိုးလို့ ရေကြီးစေတယ် ဆိုပြီး ရေနတ် ကို ပူဇော်ကြတယ်( တရုတ် ဇာတ်ကား မျောက်မင်း ၀ူခုံးကားမှာ ကြည့်နိုင်ပါတယ်)။ တချို့ ကြတော့ လေဒဏ်ခံရတော့ လေနတ် ကစိတ်ဆိုးလို့ ဒုက္ခ ပေးတယ်ထင်ပီး လေနတ်ကို ကိုးကွယ်။ မီးအပူ၊ မီးဘေးဒုက္ခခံရသူတွေ က မီးကို ကိုးကွယ်။ တော ကို ကိုးကွယ်တော့ တောနတ် ၊ တောင် ကို ကိုးကွယ်တော့ တောင်နတ် အဲဒီလိုနှင့် မြေနတ်၊ရေနတ်၊လေနတ်၊မီးနတ်၊တောနတ်၊ တောင်နတ်၊ သမဏ၊ ဗြဟ္မဏ ကိုးကွယ် သူတွေ အစရှိသဖြင့်ပေါ်လာခဲ့တော့ တာပါဘဲ တကယ်တော့ ဒါတွေ ဟာကိုးကွယ်ရာ အစစ် မဟုတ်ဘူးဆိုတာ သူတို့ ကိုယ်တိုင်သဲသဲ ကွဲကွဲ မသိကြသေးပါဘူး။ ကမ္ဘာဦးလူသားတွေ ရဲ့ အသိဥာဏ်ပါဘဲ....

အဲလို သဲသဲ ကွဲကွဲ မသိခင်မှာ အတန်အသင့် သိကျွမ်းသူတွေ ကဆရာတဆူ၊ ဘုရားတစ်ဆူ လုပ် အကိုးကွယ်ခံလာကြပါတယ်၊ လူဆိုတာ ကြောက်တတ်တဲ့သတ္တ၀ါဖြစ် လေတော့ ကိုးကွယ်ကြတာပါဘဲ( ခုခေတ်တောင်ရှိနေပါသေးတယ် ဘိုးတော် ဘွားတော် ဘဘကြီး၊အဖေကြီး၊ အမေကြီး အော် စုံလို့ ပါဘဲ ဒီကြားထဲ ဗေဒင်ဆရာက ပါလိုက်သေး... သီးသန့် တင်ပြပါဦးမည်)

ဒီလိုနှင့် ဘီစီ ၆ရာစု အတွင်းမှာ သိဒ္ဓတ္တ မင်းသား ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်ပြီး လောက မှာ အဖြစ်ရှိရင် အပျက်ရှိမယ် ၊ အစရှိရင် အဆုံးရှိမယ်၊ သေခြင်းရှိရင် မသေခြင်းလဲ ရှိရမယ်၊ဒုက္ခရှိရင် သုခ လဲရှိရမယ်... ခု ငါခံစားနေတာတွေ ဟာ သုခ စင်စစ် မဟုတ်သေးဘူးဆိုတာသိပီး သန္တိသုခ ကိုရှာရာမှာ ၆နှစ်ကြာခဲ့ပါတယ် ဒီခြောက်နှစ် မတိုင်ခင်မှာ လဲ အာဠာရ၊ ဥဒက ဆိုသောရသေ့ အကျော်အမော် တို့ ရဲ့ ပညာတွေလဲဆည်းပူးခဲ့ပါတယ် သူတို့ ပညာတွေ ဟာ သိဒ္ဓတ္တ အဖို့  မဆိုစလောက် ပါဘဲ တခဏအတွင်းတတ်မြောက်ခဲ့ လို့ သူတို့ စီက ဖဲ့ခွာပြိး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပီး လောက ၏ လွတ်မြောက်ရာ သန္တိသုခ ကို ရှာဖွေ တွေ့ ရှိပါတော့တယ် မိမိရှာဖွေ တွေ့ ရှိလာသောတရား တွေ ကို ဝေနေယျသတ္တ၀ါတွေ ကို ချေချွတ်နည်းပေးလမ်းပြပြုခဲ့ပါတယ်..

သိဒ္ဓတ္တ ဟာ သန္တိသုခ ကို ရှာဖွေတွေ့ ရှိပြီးနောက်ပိုင်း မှာ တော့ ဂေါတမ ဗုဒ္ဓ အမည် ဖြင့် တရားတွေ ဟောကြားခဲ့ပါတယ် ။ ဂေါတမဘုရားရှင် ရဲ့ တရားတွေ ထဲမှာ ဖန်ဆင်းသူမရှိ၊ ဆုတောင်းယူလို့ မရ၊ ပေးလို့ လဲမရ၊ မိမိလုပ်မှ မိမိရမည်၊ စတာတွေ ဟာ သိပ္ပံနည်းကျတွေ ပါ
ဘဲ နောက်ပြီး ဂေါတမဟာ သူ့ တရားသာအမှန် သူသာအမှန်လို့ အတင်းအကြပ် မပြောပါ။ ကျင့်ပါ လုပ်ပါ ဒီလို လုပ်ရင် ဒီအဆင့်မှာဒီလိုတွေ့ မယ် ဒီလို တွေ့ ရင်မှန်တယ် ။ဒီလို တွေ့ ရင်မှားတယ်၊ ကျင့်ပြီးမှယုံစေပါတယ် ။ အများပြော ၊သူပြော၊ဆရာပြော၊ လေးစားသူ ပြောလဲ မယုံဘို့ မိမိကိုယ်တိုင်ကျင့်ပီးမှယုံ ဘို့ ပြောခဲ့တာတွေ ဟာ ငါ စွဲမစွဲ စေခဲ့တာပါဘဲ.. ဘီစီ၆ရာစု အတိအကျပြောရရင်တော့ လွန်ခဲ့သော၂၅၅၆ ခုနှစ် က စလို့ အားကိုးစ၇ာ အစစ်ဆိုတာ မိမိကိုယ် သာဖြစ်ကြောင်း နှင့် မြေ၊ရေ၊လေ၊မီး၊ဘိုးတော် ၊ဘွားတော် ၊ဗေဒင်ဆရာတွေ မဟုတ်ဘဲ ခန္ဓာမှ အဖြစ်အပျက်တရားတွေ ကို သိနိုင်မှ သာ သံသရာမှလွတ်မြောက်ပြီး လူ့ လောက အရှုပ်ထဲမှလွတ်မြောက်မှာဖြစ်ကြောင်း သိရှိလာခဲ့ကြပါတယ်... သို့ သော်လည်း ခုချိန်ထိ နတ်ကိုးကွယ်မှု။ ဗေဒင်ယုံကြည်မှုတွေ ရှိနေခြင်းဟာ ကမ္ဘာဦးလူ သားတွေ အဆင့် လောက် ပြန်ပြီး နောက်ကျ ကျန်နေပြီးဆို တာ သက်သေပြနေပါဘီ

မိမိကိုယ် ကိုမှ မပိုင် မွေးတော့လဲ ဗေဒင်ဆရာ၊ နာမည်ပေးတော့လဲ ဗေဒင်ဆရာ၊ မင်္ဂလာဆောင်တော့လဲ ဗေဒင်ဆရာ၊ သားသမီးရတော့လဲ နာမည် ပေးတာကအစဗေဒင်ဆရာ ကဲ ဗျာမိမိကိုယ် ကို ကိုယ် မပိုင်ဘဲ အစစအရာရာ ဗေဒင်ဆရာ လက်ထဲ မှာရောက်နေတာ ဟာ လွတ်လပ်မှု မဟုတ်ဘဲ ကိုးကွယ်မှုလွဲမှားနေကြပီးဆိုတာ သိနိုင်ကြပါစေ အမြင်မှန်ရကြပါစေ မြတ်စွာဘုရားဟောသော အတ္တာဟိအတ္တနော နာထော ဆိုသည်မှာ မိမိကိုယ် သည်သာ ကိုးကွယ် ရာအစစ်ဖြစ်ပေသည်ဆိုတာ အသိပေးရင်း ကိုးကွယ်ရာအစစ်ဟာ မိမိကိုယ်မှာဖြစ်ပျက် နေသော ဖြစ်ပျက်တရားများရှု မှတ်ခြင်းမှ ရလာသော ဥာဏ်တရားများသာဖြစ်ကြောင်း ထပ်လောင်း အသိပေးရင်း..

ကိုးကွယ်ရာအစစ်ရှာဖွေတွေ့ ရှိကြပါစေလို့ 

ဆန္ဒပြုရင်း

No comments:

Post a Comment