Friday, 31 August 2012
ချစ်စရာမြန်မာစကားများ
မြန်မာစာ မြန်မာ့ စကားဟာ အဓိပ္ပါယ်လေးနက်ကြွယ်ဝလှပါတယ်။ အသုံးအနုန်းကြွယ်ဝ သလို စကားပြောတဲ့ အရည်အသွေးကိုကြည့်ပီး ယဉ်ကျေးသောအသိုင်းဝိုင်းကပေါက်ဖွားလာ သူဟုတ်မဟုတ် ခန့် မှန်းလို့  ရနိုင်ပါတယ်။ ဖအေမအေ ကို ခင်များကြီး လို့ သုံးနေကြတာတွေ အိမ်က အဘိုးကြီး အိမ်ကဘွားတော် စသဖြင့်သုံးနုန်းနေကြတာ ၀မ်းနည်းစရာပါ ယဉ်ကျေးသောမြန်မာစကားတွေကွယ်ပျောက်လုမတတ်ပါလား။
ပုံပြင်လေးတစ်ပုဒ်ရှိဘူးပါတယ် ။ သားသုံးယောက်ရှိတဲ့ ဘခင်ဟာငွေတွေရှာ သားသုံးယောက်ကို ပညာတွေ သင်စေပါတယ် ။ အဲလိုနှင့်နာမကျန်းဖြစ်ပါရော.. ရောဂါက ပြင်းထန်လို့  လောကဓံ ကို မခံနိုင်တော့ဘဲ ဘ၀နိဂုံးအဆုံးသတ်လိုက်ရပါတယ်။ သူ့ မှာ ညီမတစ်ယောက်ရှိရစ်ပါတယ် တခြားမြို့ မှာအိမ်ထောင်ကျနေတော့ ဝေးနေပါတယ်။ အဲဒီမှာ သားသုံးယောက် က စာတွေ ရေးကြပါတယ် ။ တဦးနှင့်တစ်ဦး သတင်းမပေးမိကြပါဘူး ။ အဲဒီတော့ ဘယ်သူမှမရေးဘူးထင်ပီး အဒေါ်ဆီပို့ လိုက်ကြပါတယ် သုံးယောက်စလုံးရဲ့စာတွေ စာတိုက်ကနေ တနေ့ တည်း အတူရောက်လာပါတယ်။ အဒေါ်လုပ်သူက အကြီးဆုံးသားရဲ့စာကို စဖတ်ပါတယ်။ ရေးထားပုံကတော့
အဒေါ်ရေ အဖိုးကြီးတော့ ရှောသွားဘီ အဲဒါ အသုဘကိစ္စ ကို လာဖို့ ခေါ်ပါတယ်
တူတော်မောင်(အကြီး)
အဲဒါနှင့် တူအလတ်ရဲ့စာကိုဆက်ဖတ်ပါတယ်
အဒေါ်ခင်များ အဖေဆုံးသွားလို့ အသုဘအခမ်းအနားကို လာရောက်စေလိုပါတယ်
တူတော်မောင်(အလတ်)
ဆက်ပြီး တူငယ်ရဲ့စာကို ဆက်ဖတ်ပါတယ်
လေးစားရပါသော ဒေါ်ဒေါ် တူငယ်စာရေးသားအကြောင်းကြား သိစေလိုပါသည်။ ကျနော်တို့ ၏ချစ်လှစွာသောကျွေးဖခင် ကြီးဟာ ဘ၀တစ်ပါး ပြောင်းသွား ပါ၍ ကျန်ရှိသော ရုပ်ကလဒ် ကို သဂြိုလ်မည့်အခနမ်းအနား ကြွရောက်စေလိုပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်
ချစ်သော တူတော်မောင်( တူအငယ်)
အဲဒါ ကိုကြည့်ချြင်းအားဖြင့် အကြောင်းအရာခြင်းတူပါလျှက်စာအေ၇းအသား ကွဲပြားသွားသဖြင့် ဖခင်အပေါ် မေတ္တာသက်ဝင်မှု ကိုလဲ စာကိုကြည့် လေ့လာအကဲခတ်နိုင်ပါသည်။
အခုတင်ပြလိုတာ ကမြန်မာ စကားထာ များ ကွယ်ပျောက်လုမတတ် ဖြစ်နေတာ ၀မ်းနည်းစရာ ဖြစ်နေပါဘီ။ ရှေးအခါ က သမီးရည်းစားများစကားထက်ဝှက်တာလေးတချို့ ကို ဖေါ်ပြလိုက်ပါတယ် တနယ်တပြည်ကို ခရီးသွားရမှာ လွမ်း ပုံလေးပြောပုံ က ကွမ်းရွက်နှင့်ဆား လို ဆိုတာနှင့် မိန်းကလေးက သိနေပါတယ် အော် သူ လွမ်းရက်နှင့်သွားရမှာပါလား အဲလိုဘဲ အောက်မှာယှဉ်တွဲဖေါ်ပြလိုက်ပါတယ်
ကွမ်းရွက်နှင့်ဆန်= လွမ်းရက်နှင့်ပြန်
သေတ္တာထဲမှာကြိုးရှုပ်= မောင်ရင်လာမိုးချုပ်
သေတ္တာထဲမှာကြိုးခွေ= မောင်ရင်လာမိုးဆွေ
ပ၀ါသားကိုကြက်သားထုပ်တော့စွန်းတတ်တယ်= တရွာသားကိုရည်းစားလုပ်တော့လွမ်းရတယ်
စပါးတိုက်လင်းမြွေလျှော= တကယ်ကြိုက် မင်းအမေပြော
စသဖြင့် စကားဝှက်လေးများကွယ်ပြောက်လုမတတ်ဖြစ်နေပါပြီ ရှေးအခါ က အပျို လူပျို လှည့် တဲ့အခါမှာ အထက်ပါကဲ့သို့ စကားထာများဝှက်တမ်းကစားကြ မဖြေနိုင်ပန်းပေးကြရပါတယ်။ ကိုယ်ချစ်ကြိုက်နေသူတစ်ယောက်ကမေးလာသောစကားထာကို သိသော်လည်းစဉ်းစားမရ ဟန်ဆောင်ပြီး ကောင်းလေးက အရှုံးပေးရရင် ပန်းပေးရပါတယ် တကယ်တမ်း သူကိုယ်တိုင်က ပန်းပေးခြင်နေတာ ကို တဲ့တိုးမပေးဘဲ ယဉ်ကျေးစွာ လုပ်တတ်သော မြန်မာ့ ဓလေ့ လေးကို လက်လှမ်းမှီရာ အဘိုးအဘွားများထံမှတဆင့်စကား ကြားရခြင်းအား စာတစ်စောင်ရေးဖွဲ့ တင်ပြလိုက်ရပါသည်။
ချိုသာယဉ်ကျေးစွာဆိုတတ်ကြပါစေ
လေးစားလျှက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment