Friday, 31 August 2012

နိဝါတောစ

နိဝါတောစ မိမိ ကိုယ်ကို နှိမ့်ချတတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါး လို့ မြတ်စွာဘုရားဟောခဲ့ပါတယ်။ မိမိကိုယ် ကို နှိမ့်ချ တဲ့နေရာမှာတော့ ရှင်သာရိပုတ္တရာကို ဘယ်သူမှ မမှီဘူးလို့  ဆိုပါတယ်။ ခုခေတ် လူငယ်တွေ သတိထားသင့်ပါတယ် အမေ မိဘ ကများပြောရင် ခင်များတို့ ခေတ်နှင့် ဒီခေတ်တူမလားဗျ ခင်များကြီးတို့ ဘာနားလည် လို့ လဲ. ခင်များကြီးတို့  အဖိုးကြိးတွေ အဖွားကြီးတွေ ငြိမ်ငြိမ်နေကြစမ်းပါ ဆိုတာမျိုးတွေကြားနေရတတ်ပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်ကြီးကြတော့လဲ အလွန်နှိမ့်ချတတ်ဆိုဘဲ မနက်ခင်းမှာ ကလေးတစ်ယောက် ကို ရှင်ပြု သင်္ကန်းဝတ်ပေး ပြီး သင်္ကန်းဝတ်နည်း တွေ သင်ပေး စည်းကမ်းတွေ သင်ပေးပါသတဲ့ .. အဲဒီထဲမှာသူသင်ပေးတာက ကိုရင် သင်္ကန်းကို ခြေကျင်းဝတ်အောက်လဲ မရောက်စေနှင့် ဒူးအထက်လဲမရောက်စေနှင့် အစွန်းနှစ်ဘက်ညီပါစေ စသဖြင့် သပ်သပ် ရပ်ရပ် ၀တ်တတ်အောင် သင်ပေးတော်မူပါသတဲ့.. မွန်းလွဲ ပိုင်းလောက်မှာ ရှင်သာရိပုတ္တရာ မထေကြီးဟာ အလုပ်တွေများ တော့ သင်္ကန်း ကိုလိပ်တင်ရင်း ဒူးအထက်ထိရောက်သွားပါသတဲ့..အဲဒီမှာ ကိုရင်လေးက အရှင်ဘုရား တပည့်တော်ကို သင်ပေးတော့ ဒူးအထက်သင်္ကန်း မရောက်ရဘူး လို့ သင်ပေးပြီး ခုအရှင်ဘုရားသင်္ကန်းတွေ ဒူးအထက်ရောက် နေပါတယ် အဲလိုဝတ်လို့ ရပါသလား လို့ မေးတဲ့အခါ မထေကြီးဟာ ငါသင်္ကန်းဝတ်ပေး လို့ ဒီနေ့ မှ သာသနာထဲရောက်လာတဲ့ကိုရင်ကများ ငါ့ကို ဒီလိုပြောရသလားဆိုပီး မငြိုငြင်ပါဘူးတဲ့ .. ကွယ်ရာမှာသွားပြီး သင်္ကန်းကိုပြန်ပြင်ဝတ်ပီး ကိုရင်လေးရှေ့ မှာ လက်အုပ်ချီ ဒူးတုပ်ထိုင်ပီး ဒီနေ့ မှသာသနာ့ဘောင် ရောက်လာသော ကိုရင်လေး၏ အဆုံးအမကိုလဲခံယူပါ၏ ။ ဆိုပြီး ကိုယ်ရင်လေးကို ပြန်ဆုံးမတော်မူပါဘုရားဆိုပီး ရိုသေစွာ နာခံတော်မူပါသတဲ့... ကဲ... သာသနာမှာ မြတ်စွာဘုရားပြီးရင် ပညာအရာဧတဒဂ် ရတဲ့ ဆရာတော်မထေရ်ကြီးပါ ငါ မထေရ်ကြီးဘဲဆိုပီး နောက်ပီး ငါ သင်္ကန်းဝတ်ပေးလို့  ကိုရင် ဖြစ်တဲ့သူကများဆိုတဲ့ မာန မရှိပါဘူး ခုခေတ်.. သတိပြုစရာပါ...ငါ ဘာကောင်.. ငါဆရာ.. ဆိုတဲ့ ငါ သမားတွေ များနေပါတယ် အဲဒီငါတွေ ရှိနေလို့ .. ငါစွဲ စွဲ နေလို့  မတိုးတက်နေတာလား ဆိုတာ တွေးသင့်ကြပါပီ... အဲဒီမှာ.. ကြည့် ရင် မထေရ်ကြီးရယ်... ကိုရင်လေးရယ် ဆိုတာ မရှိပါဘူး စည်းကမ်းနှင့်ပါတ်သက်လာရင် စည်းကမ်းက လူ ရဲ့အထက်မှာရှိရပါမယ် စည်းကမ်းက လူအထက် မှာ ရှိနေ သမျှ တိုးတက်မှု ဆိုတာ ရှိနေမှာပါ ဆိုတာ ရဲရဲ အာမ ခံပါတယ်.. ဘာလို့ လဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ သာသနာဟာ ခုဆို နှစ်ပေါင်း ၂၅၀၀ ကျော်ပါဘီ မပျက် မယွင်းတည်နေတာဟာ စည်းကမ်းကြောင့်ပါဘဲ... နောက်ပီး လူမျိုးဘာသာသာသနာ ရေရှည် တည်ဘို့ စည်းကမ်း ကလဲ အဓိကပါဘဲ စည်းကမ်း က စည်းကမ်းအနေနှင့် ဘဲ စာထဲမှာဘဲရှိပီး မလိုက်နာလဲ အလကားပါဘဲ နာခံတတ်ဘို့ ကလဲ အရေးကြီးပါတယ် နာခံတတ်အောင် မိမိကိုယ် ကို နှိမ်ချနိုင်တတ်ရပါမယ်... နိဝါတောစ တရားနှင့် ပြည့်စုံကြပါစေ.... လေးစားလျှက်..

နိဝါတောစ

နိဝါတောစ မိမိ ကိုယ်ကို နှိမ့်ချတတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါး လို့ မြတ်စွာဘုရားဟောခဲ့ပါတယ်။ မိမိကိုယ် ကို နှိမ့်ချ တဲ့နေရာမှာတော့ ရှင်သာရိပုတ္တရာကို ဘယ်သူမှ မမှီဘူးလို့  ဆိုပါတယ်။ ခုခေတ် လူငယ်တွေ သတိထားသင့်ပါတယ် အမေ မိဘ ကများပြောရင် ခင်များတို့ ခေတ်နှင့် ဒီခေတ်တူမလားဗျ ခင်များကြီးတို့ ဘာနားလည် လို့ လဲ. ခင်များကြီးတို့  အဖိုးကြိးတွေ အဖွားကြီးတွေ ငြိမ်ငြိမ်နေကြစမ်းပါ ဆိုတာမျိုးတွေကြားနေရတတ်ပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်ကြီးကြတော့လဲ အလွန်နှိမ့်ချတတ်ဆိုဘဲ မနက်ခင်းမှာ ကလေးတစ်ယောက် ကို ရှင်ပြု သင်္ကန်းဝတ်ပေး ပြီး သင်္ကန်းဝတ်နည်း တွေ သင်ပေး စည်းကမ်းတွေ သင်ပေးပါသတဲ့ .. အဲဒီထဲမှာသူသင်ပေးတာက ကိုရင် သင်္ကန်းကို ခြေကျင်းဝတ်အောက်လဲ မရောက်စေနှင့် ဒူးအထက်လဲမရောက်စေနှင့် အစွန်းနှစ်ဘက်ညီပါစေ စသဖြင့် သပ်သပ် ရပ်ရပ် ၀တ်တတ်အောင် သင်ပေးတော်မူပါသတဲ့.. မွန်းလွဲ ပိုင်းလောက်မှာ ရှင်သာရိပုတ္တရာ မထေကြီးဟာ အလုပ်တွေများ တော့ သင်္ကန်း ကိုလိပ်တင်ရင်း ဒူးအထက်ထိရောက်သွားပါသတဲ့..အဲဒီမှာ ကိုရင်လေးက အရှင်ဘုရား တပည့်တော်ကို သင်ပေးတော့ ဒူးအထက်သင်္ကန်း မရောက်ရဘူး လို့ သင်ပေးပြီး ခုအရှင်ဘုရားသင်္ကန်းတွေ ဒူးအထက်ရောက် နေပါတယ် အဲလိုဝတ်လို့ ရပါသလား လို့ မေးတဲ့အခါ မထေကြီးဟာ ငါသင်္ကန်းဝတ်ပေး လို့ ဒီနေ့ မှ သာသနာထဲရောက်လာတဲ့ကိုရင်ကများ ငါ့ကို ဒီလိုပြောရသလားဆိုပီး မငြိုငြင်ပါဘူးတဲ့ .. ကွယ်ရာမှာသွားပြီး သင်္ကန်းကိုပြန်ပြင်ဝတ်ပီး ကိုရင်လေးရှေ့ မှာ လက်အုပ်ချီ ဒူးတုပ်ထိုင်ပီး ဒီနေ့ မှသာသနာ့ဘောင် ရောက်လာသော ကိုရင်လေး၏ အဆုံးအမကိုလဲခံယူပါ၏ ။ ဆိုပြီး ကိုယ်ရင်လေးကို ပြန်ဆုံးမတော်မူပါဘုရားဆိုပီး ရိုသေစွာ နာခံတော်မူပါသတဲ့... ကဲ... သာသနာမှာ မြတ်စွာဘုရားပြီးရင် ပညာအရာဧတဒဂ် ရတဲ့ ဆရာတော်မထေရ်ကြီးပါ ငါ မထေရ်ကြီးဘဲဆိုပီး နောက်ပီး ငါ သင်္ကန်းဝတ်ပေးလို့  ကိုရင် ဖြစ်တဲ့သူကများဆိုတဲ့ မာန မရှိပါဘူး ခုခေတ်.. သတိပြုစရာပါ...ငါ ဘာကောင်.. ငါဆရာ.. ဆိုတဲ့ ငါ သမားတွေ များနေပါတယ် အဲဒီငါတွေ ရှိနေလို့ .. ငါစွဲ စွဲ နေလို့  မတိုးတက်နေတာလား ဆိုတာ တွေးသင့်ကြပါပီ... အဲဒီမှာ.. ကြည့် ရင် မထေရ်ကြီးရယ်... ကိုရင်လေးရယ် ဆိုတာ မရှိပါဘူး စည်းကမ်းနှင့်ပါတ်သက်လာရင် စည်းကမ်းက လူ ရဲ့အထက်မှာရှိရပါမယ် စည်းကမ်းက လူအထက် မှာ ရှိနေ သမျှ တိုးတက်မှု ဆိုတာ ရှိနေမှာပါ ဆိုတာ ရဲရဲ အာမ ခံပါတယ်.. ဘာလို့ လဲဆိုတော့ မြတ်ဗုဒ္ဓရဲ့ သာသနာဟာ ခုဆို နှစ်ပေါင်း ၂၅၀၀ ကျော်ပါဘီ မပျက် မယွင်းတည်နေတာဟာ စည်းကမ်းကြောင့်ပါဘဲ... နောက်ပီး လူမျိုးဘာသာသာသနာ ရေရှည် တည်ဘို့ စည်းကမ်း ကလဲ အဓိကပါဘဲ စည်းကမ်း က စည်းကမ်းအနေနှင့် ဘဲ စာထဲမှာဘဲရှိပီး မလိုက်နာလဲ အလကားပါဘဲ နာခံတတ်ဘို့ ကလဲ အရေးကြီးပါတယ် နာခံတတ်အောင် မိမိကိုယ် ကို နှိမ်ချနိုင်တတ်ရပါမယ်... နိဝါတောစ တရားနှင့် ပြည့်စုံကြပါစေ.... လေးစားလျှက်..

လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့  မမှီဝဲနှင့် ကင်းအောင်နေ

လူမိုက် ဆို တဲ့ နေရာမှာ အပြင်လူမိုက် နှင့် အတွင်းလူမိုက်ဆိုပြီး ရှိပါတယ်။ အပြင်လူ မိုက်ဆိုတာ ကတော့ ပညာရှိသူ မြင်မြော်တတ်သူဆိုရင် သိသာ မြင်သာတယ် လို့ ဆိုရမှာပါ။ အဇာသတတ်မင်း ကို လမ်းမှားရောက်အောင်ပို့ ဆောင်ပေးသူ ဒေ၀ဒတ် ဟာ အပြင် ရန်သူ လို့ ဆိုရမှာပါ။ ရန်သူကို ရန်သူမှန်းခွဲခြားမသိတတ်တာက တော့ အဇာသတတ်မင်းရဲ့ ညံ့ဖျင်းမှုပါဘဲ။ ခုခေတ် မှာလဲ သတိထားသင့်တာက ဘယ်သူငယ်ချင်းမွေးနေ့ မို့  သောက်မယ် ပျော်မယ်၊ သူငယ်ချင်းက အတင်းတိုက်လို့ သောက်တယ် ။ သူငယ်ချင်းခေါ်ရာလိုက်ရင်း အဲဒီကို ရောက်မိသွားတာ ဆိုတာတွေ ဟာ အပြင်ရန်သူ သူငယ်ချင်းကို လူမိုက်မှန်းမသိပေါင်းမိပြီးဖြစ်ကြတာပါ။ အပြင်ရန်သူ ကို ရှာဖွေနိုင်လို့ ရှောင်ခွာတိမ်း နိုင်ကြပေမယ့် အတွင်းရန်သူ ကိုတော့ ရှောင်နိုင်သူ ရှားပါတယ်။ စာရေးသူ လဲ အတွင်းရန်သူ ကို မပါယ်သတ်နိုင်သေးပါဘူး ။ ကိုယ့်ရှေ့  လှလှပပလေး ၀တ်စားလာတဲ့ ခပ်လှလှကောင်မလေးတစ်ယောက် ဖြတ်လျှောက်သွား ရင်တော့ မျက်စိ က မခွာနိုင်အောင်ပါဘဲ ခုခေတ် အမျိုးသမီးတွေ ၀တ်တာကလဲသိတယ် မဟုတ်လား ... အပေါ်စီးက ကြည့် ကွက်တိ.. အဲ .. ဘေးကကြည့် ကွက်တိ... နောက်ကကြည့် ကွက်တိ .. အဲဒီ ကွက်တိတင် မရပ်ဘဲ ..အတွင်းရန်သူက စွဲဆောင်ခေါ်သွားတာက အဲဒီကောင်မလေးကို .. အဲဒီကောင်မလေးနှင့် ငါနှင့်များ...ဆိုတဲ့ အတွေး တွေ က အစဉ်မပြတ် ပါဘဲ ကဲ အဲဒီအတွင်း ရန်သူ မြှောက်ပေးလို့  မလိမ်မာတာ လူမမြင်ပါဘူး ... ဒါ့ကြောင့် တချို့တစ်တွေ ဘိုးတော် ဘိုးတော် ဆိုပြီး ကိုးကွယ် ခံ နေကြရသူတွေပါ .. တချို့ လဲ ရှိသေး အဲဒီအကို ဘုရား စာတွေရွတ် တယ် ဘုရားလဲ အမြဲ ကန်တော့ အိပ်တယ် ...စသဖြင့် လေးစားခံရတတ်ပါတယ် စာရေးသူကိုယ်တွေ့ ပါ .. သူတို့ မမြင်ရာ ကိုယ့်စိတ်ထဲမှာတော့ အတွင်း ရန်သူတွေ သောင်းကျန်း ပီး စိတ်သွေးကြွနေတာ သူတို့ မသိရှာကြ ပါလား.. အဲဒီအခါ ကိုယ့် ကိုယ် ကိုလဲ ရှက်မိပါတယ် .. စိတ်ဆိုတာလဲ အခက်သားမကောင်းမှုမှ ပိုပျော်မွေ့ တာကိုး... အတွင်းအဇ္ဇတ္တ သန္တန်မှ ပေါက်ဖွားလာတဲ့ အတွင်းလူမိုက် က ပိုဆိုးပါတယ် .. လူရှေ့ မှာတော့ ခပ်တည်တည် အတွင်းရန်နိုင် သလိုလို နှင့် အလေးစားခံရတတ်ပါတယ်.. စာရေးသူတော့ အဲဒီလိုအချိန်မှာ ပီတိမဖြစ်ရဲ ပါဘူး သူတို့ ကမသိလို့  ငါ့ကို လေးစားနေ ငါ က လူဆိုးကြီး ပါလား လို့ တွေးပီး ရှက်မိပါတယ်.. အဲဒီလို အတွင်း ရန်သူ အတွင်းလူမိုက် ကို ရှောင်နိုင်ကြပါမှ ။မြတ်ဘုရားရဲ့ ဆိုဆုံးမ မှုကို လိုက်နာရာရောက်ပါတယ် စာရှုသူအပေါင်း လူမိုက်ဟုဆိုအပ်သော အပြင်လူမိုက်၊ အတွင်း လူမိုက်တွေ နှင့် ဝေးကွာ ပီး မြတ်ဘုရားဆိုဆုံးမသော တရားဒေသနာ များအား နာယူ သိမှတ် ပွားများနိုင်ကြပါစေ. မင်္ဂလာတရားနှင့် အညီ လူမိုက်ဆိုလျင်ရှောင်သွေလွှဲနိုင်ကြပါစေ ဟု ကောင်းမွန်သော စေတနာဖြင့် သင်ဆရာ။မြင်ဆရာ။ ကြားဆရာတို့ အား ဦးခိုက်လျှက်

ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ

ပညာရှိဆိုတာ ဘာကိုခေါ်ပါသလဲ.. ဘွဲ့ တွေ ဒီဂရီတွေ ရပီး မိုက်မဲနေသူတွေ လူသတ် နေသူတွေ လူသတ်ဖို့ကြံစည် အကြံပေးနေသူတွေ ကို ဘွဲ့ ရလို့ ဆိုပီး ပညာရှိလို့ ခေါ်မလား၊ ပညာ ဆိုတာ ကောင်း၏ မကောင်း၏ ဝေဖန်ပိုင်းခြားတတ်သော အတတ်ကို ပညာ လို့ ခေါ်ရပါမယ်။ ပညာ မှာလောကီပညာ နှင့် လောကုတ္တရာပညာ ဆိုပီးခွဲခြား ရပါမယ်။ လောကီပညာနှင့် လောကုတ္တရာပညာမှာလဲ သညာနှင့် ပညာ ထပ်ခွဲ ရပါဦးမယ် သင်ထားသမျှ အကုန် တတ်တာ သညာပါဘဲ သင်ထားတာတတ်မြောက် ပီး အဲဒါ ကို ကိုယ်ပိုင်ညာဏ်နှင့် ဝေဖန်တတ်တာ ပညာပါဘဲ။ သညာတတ်မြောက်ပီး လူမှုကောင်းကျိုးမစွမ်းဆောင်နိုင် လဲ လူ့ ကောင်းကျိုးမပေးတဲ့သူ ကို အရေးထားစရာမလိုပါဘူး ။ ခုခေတ်အဲလိုလူတွေတပုံကြီးပါ... သညာဟာ ဘ၀တခုစာ ဘဲ အကျိုးပြု ပါမယ် တချို့ ဘ၀ တခုစာတောင်အကျိုး မပြုပါဘူး..သညာတတ်ပီး သူများခိုင်းတာလုပ်နေရ တဲ့ သူတွေ သတိပြုစရာပါ ( စာရေးသူလဲပါဝင်ပါတယ်) .. အဲ မြတ်ဘုရားဆိုလိုချင်တာက အဲဒီ သညာ တတ်တဲ့သူ တွေ ကို ပညာရှိလို့ မဆိုလိုပါဘူး ဟုတ်တယ် လေ အဲဒီသညာရှိတွေ ကသူတို့ ဘ၀ အတွက်တောင်မနည်း ရုန်းကန်နေရတာ သူတို့ ကို မှီခိုနေလဲ သူတို့ လိုဘဲ ဘွတ်အဲဘွတ်အဲ လောကထဲမောနေတော့မှာပေါ့ ပညာရှိဆိုတာ ဘယ်သူတွေဖြစ်မလဲ ... ကောင်း၏ဆိုး၏ ဝေဖန်ပိုင်းခြားတတ်ပီး ဘ၀ လွတ်မြောက်ကြောင်း သံသရာ လွတ်မြောက်ကြောင်းသိ သူတွေ ကို သာ ပညာရှိလို့ ခေါ်ရပါမယ်။ သံသရာခရီးသွားနေသူတွေ ဟာ နိဗ္ဗာန်ဆိုသော ဘူတာကို လှမ်းနေသူတွေ ပါ အဲဒီတော့ အဲဒီနိဗ္ဗာန်ဆိုသော ရွှေမြို့ တော် ကို လမ်းပြနိုင်သူကိုသာ ပညာရှိလို့ ခေါ်ရမှာဖြစ်ပါတယ်။။ လောကီဘွဲ့ တွေ တသီကြီးရပီး မိဘ ကိုတောင် ပြန်လည်ကျေးဇူးဆပ်ရမှန်းမသိတတ်သော လောကီသညာတတ်သူ ကို ပညာရှိဟူ၍ ပေါင်းဖေါ်နေငြားလည်း သံသရာခရီး ပြတ်မှာမဟုတ်ပါဘူး နိဗ္ဗာန်တည်းဟူသော ရွှေမြို့ တော် ကို ရောက်ချင်သပဆိုလျှင်ဖြင့် သီလ သမာဓိတရားတွေ လက်ကိုင် ထားသော လောကုတ္တရာ ပညာရှိ ကိုသာမှီဝဲဆည်းကပ်သင့်ပေပြီ။ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်တတ်သူဟာ ဘွဲ့ တွေမရငြားလည်း ပညာတတ်ပါဘဲ။ ခန္ဓာ၏ဖြစ်ပျက် ကြောင်းတရားတွေ သိပီး ဟောကြားပြ သနိုင်သော ပညာရှိများကို မှီဝဲဆည်းကပ်နိုင်ပါစေ.. သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ နှင့်ပြည့်စုံသော ပညာရှိ တွေ ပေါ်ထွန်းနိုင်ပါစေ ခန္ဓာပြတ်ကြောင်းတရား ကို ဟောကြားပြသနိုင်သူဆရာကောင်းများ မှီဝဲဆည်းကပ် နည်းယူနိုင်ကြပါစေ လို့  ကောင်းသောစေတနာဖြင့် ဆန္ဒခြွေလျှက်

သုံးပါးရတနာ မိဘများနှင့် ဆရာသမားကိုပူဇော်လေ

သုံးပါးရတနာ ဆိုတော့ ဘာတွေ လဲ ... ဘုရား.တရား. သံဃာ. ကို ပြောတာပါ.. ဗုဒ္ဓဘာသာစစ်မှန်ရင် ဒီရတနာသုံးပါး ကို သိရမှာဖြစ်သလို ကြည်ညို ရိုသေ ပူဇော် တတ်ရပါ့မယ်... အဲ ရတနာ သုံးပါးထဲက တပါးပါး ကို မကြည်မညို မလေးမစား လုပ်ရင် ( သတ်တာ သင်းခွဲတာဆို ပိုဆိုးပေါ့) ဗုဒ္ဓဘာသာမမည်တော့ပါဘူး..မည်ကာမတ္ထဗုဒ္ဓဘာသာပါ ... အဲလို လုပ်ပီးမှ ဘုရားတည်ကျောင်းဆောက်လဲ အမည်ခံပါဘဲ...ရှိစေတော့ အဲဒါတော့.... သုံးပါးရတနာ မှာဘုရား..တရား.. သံဃာ တွေပါ ခုခေတ်မှာ ကိုးကွယ်တာတွေလွဲမှားနေပါတယ် ဘိုးတော်တွေ ဘွားတော်တွေ က ရတနာသုံးပါးထက် ပိုအစွမ်း ထက်နေသလားဘဲ... ဘိုးတော် ကဓါတ်ကျလို့ တဲ့ သူခိုင်းတာလုပ်တာတဲ့.. သေရော.. အံ့ရော အဲဒီဘိုးတော်တွေယုံလို့ သမီးပါ သွား မယား ပါသွားသူတွေ အများကြီးကြားနေရတာပါ .. ဘုရား..တရား..သံဃာ ထက် မြတ်တဲ့သူ ရှိလို့ လား.. ဗေဒင်ဆရာ ဓါတ်ဆရာ ကရှိသေး ...ဓါတ်ဆင်ရမှာ မို့ ငါးသောင်းကုန်မယ် ပက်ကနဲဘဲ တသိန်းကုန်မယ် ပက်ကနဲဘဲ..ရက်ရောပါတယ်... ဘုရားတည်ဘို့ အလှူလာခံတာပါပြောတော့ တစ်ရာ နှစ်ရာ မကောင်းတတ်လို့ လှူခြင်း..ပေဘဲပေါ့ . ရွာဘက်မှာ အမကြီးတစ်ယောက်ဗေဒင်မေး ပီး ရတြာခြေဘို့ အိမ်မှာ အမေ့ဆီ ဒန်းညွန့် လာတောင်းပါတယ် သူဘာလုပ်မယ် မပြောဘဲကို ကျော်ချစ်က သိနေတာ အမေ့ ကို" ဒေါ်ကြီး ဒန်းညွန်းလေး ၁၀ညွန့်လောက်ပေးပါ"တဲ့ တောသဘာဝအရ ယတြာခြေမှန်းသိတဲ့သူကို မမေးရဘူးတဲ့ မေးရင်မစွမ်းဘူးဆိုလားဗျာ ..ကျော်ချစ် က မနေတတ်ဘူး "အမ အဲဒါယတြာခြေမလို့ မဟုတ်လား .. ဒန်းဆိုတော့..စနေ ...စနေဂြိုလ်ဝင်နေတာပေါ့ ဟုတ်လား" .. လို့ မေးတော့ "ငါ့မောင်ဘယ်လိုသိတာလဲ"တဲ့ ကျော်ချစ် တက္ကသိုလ် ဒုတိယနှစ်ထဲက ဗေဒင်လေ့လာတာပါ ပညာတစ်ခုအနေနှင့်ပါ ယုံကြည်လို့ မဟုတ်ပါဘူး ..ထားပါ တော့ "ကျနော် ကိုမမေးနှင့် အမကိုကျနော်မေးမယ်" "..အဲဒန်းညွန့် က မွှေးလား"ဆိုတော့" မွှေးဘူး"တဲ့.. "အမရော ခေါင်းမှာပန်ဘူးလား"ဆိုတော့ "အနံ့ မရှိ အဆင်းမရှိ မပန်ပါဘူး"တဲ့.. ကဲ ပီးရောဗျာ ..ကျနော်ပြောလိုက်တယ် "ဘာမှ မဟုတ်တဲ့ အမကတောင် မပန်ချင်ဘဲ ..သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရားကြတော့ အမှိုက်သွားပေးမယ်ပေါ့ .. ခင်များ ကုသိုလ်တွေတော်တော်ရမှာဘဲ" လို့ ..ပြောမှ ရှက်သွားပါတယ်.. ကဲ ဆိုလိုတာကဗျာ မင်္ဂလာတရားနှင့်ရောညီရဲ့လား .. ဆန်းစစ်ပါ သုံးပါးရတနာ မှာထိပ်ဆုံးက ဘုရားပါ .. ကရိုရိုသေသေ ပူဇော်ပသပါလား.အမှိုက်တော့သွားမပေးပါနှင့် ..ခုခေတ်သတိပြုစရာပါ.မပူဇော်ချင်နေပါ ရိုရိုသေစွာ ရှိခိုးကန်တော့ရင် ကို ကျေးဇူးများလှပါဘီ.. ဘုရားဂုဏ်တော် (၉)ပါး တရားဂုဏ်တော်(၆)ပါး၊ သံဃာ့ဂုဏ်တော်(၉)ပါး တွေကို အာရုံပြု ရိုရိုသေသေ ရှိခိုးပါ အကြိုးရှိပါလိမ့်မယ်.. အဲ...နောက် မိဘတွေ ကို လုပ်ကျွေးတတ်ရပါ့မယ်.. သက္ကစ္စ မြောက်ပြုစုနိုင် လေကောင်းလေပေါ့ဗျာ ကျနော်တို့ ကိုမွေးတုန်းက ငါတော့ အားနေပီဟေ့ ဆိုပီး မွေးခဲ့ကြတာမဟုတ်ပါဘူး ..မအားတဲ့ကြားက မွေး ကျွေးပြုစုလာ လို့ ခုလိုစာတွေရေး ခုလို စာတွေဖတ်နေနိုင်ကြတာပါ.. အမေနှင့် ရန်ဖြစ်လာလို့ သူငယ်ချင်း မင်းဆီခနလာနေမယ် ...ဆိုတာမျိုးတွေ တွေ့ တတ်ကြမှာပါ လက်မခံပါနှင့် အားမပေးပါနှင့်.. မွေးမိခင်ကျေးဇူးတောင်မသိတတ်လို့ ရန်ဖြစ် ဆင်းလာတဲ့သူ ခင်များတို့ ကျုပ်တို့ လောက်တော့ ဘာအရေးထား ကျေးဇူးသိတတ်မှာလဲ ... (မြင့်မိုရ်ရွေတောင် လောက်ကြီးတဲ့ မိဘကျေးဇူး ကို သီးသန့် ဖေါ်ပြပါဦးမယ်) ဆရာသမား ကျေးဇူး ကိုသိတတ်ရပါမယ်..ဆရာလို့ ဆိုရာမှာ လောကီဆရာ လောကုတ္တရာဆရာ ဆိုပီး ရှိပါတယ် လောကီဆရာကတော့ ခေတ်လောကအတတ်ပညာကိုအခကြေးငွေ ယူပီး သင်ကြားပေးသူပါ သံသ၇ာလွတ်ကြောင်းတော့ မပါ ပါဘူး.. အဲ.. သံသရာမှလွတ်မြောက်ကြောင်း မဂ်တရား ဖိုဂ်တရား တွေသိအောင် နည်းပေးလမ်းပြ ဆုံးမသူ ကတော့ ဘုရားနှင့် တဂိုဏ်းတည်းထားရလောက်တဲ့ ဆရာတွေပါဘဲ အခကြေးငွေမမျှော်ကိုးဘဲ ..သံသရာမှလွတ်စေလိုသော ကောင်းမွန်သောစေတနာတွေနှင့် နည်းပြ သင်ကြားပေးတဲ့ဆရာတွေ ကို ရိုသေစွာ ပူဇော်တတ်ကြရပါမယ်... သုံးပါးရတနာမိဘဆရာတို့ ရဲ့ဂုဏ်ကျေးဇူး ကိုဖေါ်ကျူး နေရင်တော့ ကျော်ချစ်အသက်ကြီးလို့ အိုသွားမယ် မကုန်နိုင်ပါဘူး လို့ ကျော်ချစ်ဆိုရင်ပိုမလားဗျာ... အဲဒီတော့ မင်္ဂလာတရားတော်အတိုင်း သုံးပါးရတနာ မိဘများနှင့် ဆ၇ာသမားတို့ ကို မမေ့ မလျှော့ ပူဇော်နိုင်ကြပါစေလို့ .... မဂ္ဂင်ဖေါင်ကြီး စီးနိုင်ကြအောင် သတိပေးနိုးဆော်ရင်း... ကျော်ချစ်သူ

ရိုသေထိုက်သူ ကို ရိုသေခြင်း

ဂါရဝေါစ ဆိုတာ ရိုသေထိုက်သူကို ရိုသေခြင်းပါဘဲ ရိုသေထိုက်မှ ရိုသေရမှာပါ ရိုသေခြင်းငှာ မထိုက်ရင် ဘာကောင်ကြီးဖြစ်နေနေ ရိုသေစရာမလိုဘူး လို့ ဆိုလိုတာပါ။ မိဘ တွေဟာ သားသမီး အတွက်နေပူမရှောင်မိုးရွာမရှောင် ရှာဖွေ ကျွေးမွေးပြုစု ခဲ့ရသူတွေဖြစ်လို့ ရိုသေထိုက်သူတွေပါဘဲ။ ဆရာသမားဟာဆိုရင် လဲ အဲဒီအတိုင်းပါဘဲ ပညာရပ်အသီးသီး ကို သင်ကြားပေးလို့ ရိုသေထိုက်သူတွေပါဘဲ။ အဲ ခုခေတ် သိထားဖို့ က ဟုတ်၏ မဟုတ်၏မတွေး ဘဲ နင် အဲလို မှ မဟုတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြော ပီး ယတြာခြေခိုင်း ယတြာဘိုးယူ လိမ်လည်နေတဲ့ ဘိုးတော် တွေ ဘွားတော် တွေ ကို ယုံကြည် ကိုးကွယ်နေကြတာ သတိထားဘို့ လိုပါဘီ။ ပြောတော့ ဗုဒ္ဓဘာသာ လုပ်တော့ ဗြဟ္မဏ ၀ါဒတွေ။( ဗုဒ္ဓဘာသာမှာ ယတြာ ခြေစရာမလိုပါဘူး။ နက္ခတ်တွေ မလိုပါဘူး နက္ခတ် ဆိုတာ သက်မဲ့ အစိုင်အခဲကြီး တခုပါ စကြာဝဠာထဲမှာရှိပါတယ် အဲဒီသက်မဲ့ နက္ခတ်တွေ က လူတွေ ကို ကောင်းတာရော ဆိုးတာရောဖန်တီးပေးနိုင်ပါ့မလား စဉ်းစားပါ) - စကားချပ်- အဲစကားလမ်းသွေဖြီသွားတယ် ခုနကပြောတဲ့ဘိုးတော်တွေ ဘွားတော်တွေ အကြားအမြင်ဆရာတွေ က ရိုသေစွာကိုးကွယ်ထိုက်သူတွေလား..အကြားအမြင်ဆရာတွေ ကို ကိုးကွယ်နေကြတာများ သနားစရာတွေ ပါဘဲ ။ ဘုရားရဟန္တာတောင် ညာဏ် မကွန့် မြူးဘဲ မသိနိုင်ပါဘူး။ အကြားအမြင်ဆိုသေူတွေ က ဘယ်လောက်ကြာကြာ တရားထိုင်ဘူးပီး တရားအဆင့် ဘယ်လောက်ရှိနေသူတွေလဲ.. စဉ်းစားရမှာပါ။ အရမ်းကာရော မယုံ မိပါစေနှင့်။ တော်တော်နှမြောဘို့ ကောင်းတာတခုကတော့ တိုင်းပြည်နှင့် လူမျိုးအကျိုး အရိုးကြေကြေ အရေခမ်းခမ်း အသက်ကိုတောင်ပဓာန မထားဘဲ ကြိုးပမ်းဆောင်ရွက်သွားတဲ့ လွတ်လပ်ရေးကျေးဇူး ရှင် ကို ရိုသေရမှန်းမသိ ပြစ်ပါယ်နေကြတာတော့ မင်္ဂလာ တရားနှင့် မညီတဲ့အတွက် ပစ်ပါယ် သင့်တဲ့ လုပ်ရပ်တွေပါဘဲ... အဲ ရိုသေထိုက်သူဆိုတာ အဲလို တိုင်းပြည် လူမျိုး ဘာသာ သာသနာ ကို အကျိုးပြုမယ့်  ပုဂ္ဂိုလ်မျိုးတွေပါ။ လောကီပညာ၊ လောကုတ္တရာပညာ၊ ငယ်ရွယ်စဉ်မှာ စကားပြော နေရေးထိုင်ရေး စကားပြောက အစသင်ကြားပေးသူ မိဘဆရာနှင့် သံဃာတော် တွေပါဘဲ၊ မကြာခင်ကျရောက်တော့မယ့် လွတ်လပ်ရေး ဖခင်ကျေးဇူးရှင် မျိုးချစ်နိုင်ငံခေါင်းဆောင် ဘဘ ဗိုလ်ချုပ်အား ဦးညွတ်လျှက်( ရိုသေထိုက်သူကို ရိုသေတတ်ကြပါစေ)

ချစ်စရာမြန်မာစကားများ

မြန်မာစာ မြန်မာ့ စကားဟာ အဓိပ္ပါယ်လေးနက်ကြွယ်ဝလှပါတယ်။ အသုံးအနုန်းကြွယ်ဝ သလို စကားပြောတဲ့ အရည်အသွေးကိုကြည့်ပီး ယဉ်ကျေးသောအသိုင်းဝိုင်းကပေါက်ဖွားလာ သူဟုတ်မဟုတ် ခန့် မှန်းလို့  ရနိုင်ပါတယ်။ ဖအေမအေ ကို ခင်များကြီး လို့ သုံးနေကြတာတွေ အိမ်က အဘိုးကြီး အိမ်ကဘွားတော် စသဖြင့်သုံးနုန်းနေကြတာ ၀မ်းနည်းစရာပါ ယဉ်ကျေးသောမြန်မာစကားတွေကွယ်ပျောက်လုမတတ်ပါလား။ ပုံပြင်လေးတစ်ပုဒ်ရှိဘူးပါတယ် ။ သားသုံးယောက်ရှိတဲ့ ဘခင်ဟာငွေတွေရှာ သားသုံးယောက်ကို ပညာတွေ သင်စေပါတယ် ။ အဲလိုနှင့်နာမကျန်းဖြစ်ပါရော.. ရောဂါက ပြင်းထန်လို့  လောကဓံ ကို မခံနိုင်တော့ဘဲ ဘ၀နိဂုံးအဆုံးသတ်လိုက်ရပါတယ်။ သူ့ မှာ ညီမတစ်ယောက်ရှိရစ်ပါတယ် တခြားမြို့ မှာအိမ်ထောင်ကျနေတော့ ဝေးနေပါတယ်။ အဲဒီမှာ သားသုံးယောက် က စာတွေ ရေးကြပါတယ် ။ တဦးနှင့်တစ်ဦး သတင်းမပေးမိကြပါဘူး ။ အဲဒီတော့ ဘယ်သူမှမရေးဘူးထင်ပီး အဒေါ်ဆီပို့ လိုက်ကြပါတယ် သုံးယောက်စလုံးရဲ့စာတွေ စာတိုက်ကနေ တနေ့ တည်း အတူရောက်လာပါတယ်။ အဒေါ်လုပ်သူက အကြီးဆုံးသားရဲ့စာကို စဖတ်ပါတယ်။ ရေးထားပုံကတော့ အဒေါ်ရေ အဖိုးကြီးတော့ ရှောသွားဘီ အဲဒါ အသုဘကိစ္စ ကို လာဖို့ ခေါ်ပါတယ် တူတော်မောင်(အကြီး) အဲဒါနှင့် တူအလတ်ရဲ့စာကိုဆက်ဖတ်ပါတယ် အဒေါ်ခင်များ အဖေဆုံးသွားလို့ အသုဘအခမ်းအနားကို လာရောက်စေလိုပါတယ် တူတော်မောင်(အလတ်) ဆက်ပြီး တူငယ်ရဲ့စာကို ဆက်ဖတ်ပါတယ် လေးစားရပါသော ဒေါ်ဒေါ် တူငယ်စာရေးသားအကြောင်းကြား သိစေလိုပါသည်။ ကျနော်တို့ ၏ချစ်လှစွာသောကျွေးဖခင် ကြီးဟာ ဘ၀တစ်ပါး ပြောင်းသွား ပါ၍ ကျန်ရှိသော ရုပ်ကလဒ် ကို သဂြိုလ်မည့်အခနမ်းအနား ကြွရောက်စေလိုပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည် ချစ်သော တူတော်မောင်( တူအငယ်) အဲဒါ ကိုကြည့်ချြင်းအားဖြင့် အကြောင်းအရာခြင်းတူပါလျှက်စာအေ၇းအသား ကွဲပြားသွားသဖြင့် ဖခင်အပေါ် မေတ္တာသက်ဝင်မှု ကိုလဲ စာကိုကြည့် လေ့လာအကဲခတ်နိုင်ပါသည်။ အခုတင်ပြလိုတာ ကမြန်မာ စကားထာ များ ကွယ်ပျောက်လုမတတ် ဖြစ်နေတာ ၀မ်းနည်းစရာ ဖြစ်နေပါဘီ။ ရှေးအခါ က သမီးရည်းစားများစကားထက်ဝှက်တာလေးတချို့ ကို ဖေါ်ပြလိုက်ပါတယ် တနယ်တပြည်ကို ခရီးသွားရမှာ လွမ်း ပုံလေးပြောပုံ က ကွမ်းရွက်နှင့်ဆား လို ဆိုတာနှင့် မိန်းကလေးက သိနေပါတယ် အော် သူ လွမ်းရက်နှင့်သွားရမှာပါလား အဲလိုဘဲ အောက်မှာယှဉ်တွဲဖေါ်ပြလိုက်ပါတယ် ကွမ်းရွက်နှင့်ဆန်= လွမ်းရက်နှင့်ပြန် သေတ္တာထဲမှာကြိုးရှုပ်= မောင်ရင်လာမိုးချုပ် သေတ္တာထဲမှာကြိုးခွေ= မောင်ရင်လာမိုးဆွေ ပ၀ါသားကိုကြက်သားထုပ်တော့စွန်းတတ်တယ်= တရွာသားကိုရည်းစားလုပ်တော့လွမ်းရတယ် စပါးတိုက်လင်းမြွေလျှော= တကယ်ကြိုက် မင်းအမေပြော စသဖြင့် စကားဝှက်လေးများကွယ်ပြောက်လုမတတ်ဖြစ်နေပါပြီ ရှေးအခါ က အပျို လူပျို လှည့် တဲ့အခါမှာ အထက်ပါကဲ့သို့ စကားထာများဝှက်တမ်းကစားကြ မဖြေနိုင်ပန်းပေးကြရပါတယ်။ ကိုယ်ချစ်ကြိုက်နေသူတစ်ယောက်ကမေးလာသောစကားထာကို သိသော်လည်းစဉ်းစားမရ ဟန်ဆောင်ပြီး ကောင်းလေးက အရှုံးပေးရရင် ပန်းပေးရပါတယ် တကယ်တမ်း သူကိုယ်တိုင်က ပန်းပေးခြင်နေတာ ကို တဲ့တိုးမပေးဘဲ ယဉ်ကျေးစွာ လုပ်တတ်သော မြန်မာ့ ဓလေ့ လေးကို လက်လှမ်းမှီရာ အဘိုးအဘွားများထံမှတဆင့်စကား ကြားရခြင်းအား စာတစ်စောင်ရေးဖွဲ့ တင်ပြလိုက်ရပါသည်။ ချိုသာယဉ်ကျေးစွာဆိုတတ်ကြပါစေ လေးစားလျှက်

မာန

မာန တရား ဆိုတတော့ မရှိလေကောင်းလေပါဘဲ.. မာန ဆိုတာ မာန်ပါဘဲ . ဟန် မာန် ဆိုတာ မရှိတာ ကို အရှိလုပ်ချင်တာပါဘဲ..ငါ့မှာလဲ မာန နှင့်ပါဆိုပြီးပြောတတ်ကြသေး တယ် ... မြတ်ဘုရားဟောခဲ့တာတော့ .. မာန်မာန ဆိုတာ မိမိကိုယ် ကို ပျက်ဆီးစေကြောင်း တရားတွေ ပါဘဲတဲ့.. ကျနော်တို့ မြန်မာတွေ ပိုဆိုးပါတယ် .. မာန ရှိတယ်ဆိုပြီး ဂုဏ်ယူချင်တတ်ကြသေး.. ကဲဗုဒ္ဓဘာသာစစ်မှန်ရင် ..တရားဓမ္မတွေ လိုက်စားသူတွေ ဆို ပို သတိထားရမှာပါ.. မာန တရား ဆိုတာမရှိလေကောင်းလေပါ... တော်တော်များများပြောကြပါတယ် .. ပြည်ပ အထင်မကြီး နှင့် တဲ့ ဟုတ်ကဲ့.. ပြည်ပ ကို အထင်မကြီး သင့် ပေမယ့် ပြည်ပက ပညာတွေ ကို တော့ လေ့လာရမယ်.. ပြည်ပ ကကောင်းကွက်တွေ ကို လေ့လာအတုယူရမယ်... မဟုတ်တာ မကောင်းတာ ကို ပါယ်ပီး ကောင်းတာမှန်သမျှ လေ့လာ နည်းယူရမှာပါဘဲ... ငါသာ အသိ ငါသာအမှန်.. ငါတို့ အယူ သာအမှန် .. ငါတို့ သိတာ သာအမှန် လို့ မယူအပ်ပါဘူး..အဲဒါ ငါစွဲ စွဲ နေပါဘီ... ပြည်ပ က ဘောင်းဘီတို ဖင်ကြပ် ကို အတုခိုးမ၀တ်သင့် တဲ့ အတုတော့ ခိုးတယ် ပြည်ပ ကနည်းပညာဗဟုသုတတွေ ကြတော့ဘာလို့ အတုမခိုးလဲ... ဘောင်းဘီရှည်ဝတ်တာ မြန်မာ ယဉ်ကျေးမှု နှင့် မသင့်လျှော်တာမှန် ပေမယ့် .. ဘောင်းဘီရှည်ဟာ မြန်မာအမျိုးသမီးတွေ အတွက် ပို လုံခြုံတယ်လို့ ကျနော်ထင်ပါတယ်..ဟုတ်ပါတယ် ဘောင်ဘီရှည်ဟာ ထမီနှင့် စာရင် ပိုပြီး လုံခြုံ အန္တရယ်ကင်းပါတယ်..မြန်မာယဉ်ကျေးမှုနှင့် မအပ်စပ်တာတော့မှန်ပါတယ်..ဒါက မိန်းကလေးတွေပါ.. အဲယောက်ျားလေးတွေရောဗျာ..ပြည်ပက မဟုတ်တဲ့အတတ်ပညာ တွေကြတော့နည်းယူလာကြတယ် ကောင်းမွန်တဲ့စိတ်ဓါတ် နှင့် ကောင်း တဲ့ နည်းပညာတွေကြတော့ဘာလို့ နည်းမယူကြပါလိမ့်.. အကုန်လုံး ကို မဆိုလိုပါ.. စကားနဲနဲ လွဲသွားဘီဗျာ.. တချို့ ကပြောကြတယ် ..ပြည်ပအားမကိုးနှင့်တဲ့.. မာနပေါ့ ကျနော် တို့ ခုသင်နေကြတဲ့ သင်္ချာ နည်းပညာတွေ မှာ ပိုက်သာဂိုရပ်.အိုင်စတိုင်း စသူတီထွင်သူတွေ က ပြည်ပ ကပါ ပြည်ပအားမကိုးရင် သူတို့ ဖေါ်ထုတ်ထားတဲ့ နည်းပညာတွေ မသင်ရုံဘဲ ရှိတော့မယ်ဗျာ.. ဓါတုဗေဒ ပညာ ၊ ရူပဗေဒပညာ.. အဲခု ကျနော်တို့ လေ့လာသုံးစွဲ နေကြတဲ့ ကွန်ပြူတာ နည်းပညာတွေ ဟာ ပြည်ပ ကပညာတွေပါ..ကုန်ကုန် ပြောရရင် ကွန်ပြူတာကြီးပါ မသုံးဘဲ နေရတော့မှာ ဟုတ်တယ်လေဗျာ ကွန်ပြူတာက ပြည်ပ ကထွက်တာကိုး... မာန မထားသင့်တာမထားကြပါနှင့်... မာန ဆိုတာ မရှိတဲ့သူမှ မာနထားတာပါ... မာန်ထောင်တယ် ဆိုတာ မင်္ဂလာ တရားနှင့်လဲ မညီ ပါဘူး ပညာတွေ နည်းတွေ ရမယ်ဆို၇င် မာန်မာန တွေခ၀ါချပီး ခြေသုတ်ပုဆိုး မြွေဆွယ်ကြိုးသို ့ လေ့လာရမှာပါဘဲ.. ကျနော်တို့ ဆီမှာ ငှက်ကျီးတောင်ဓါး လောက် လုပ်တတ်တာကို ဂုဏ်ယူ မောက်ကြွား နေဖို့ထက် တဘက်နိုင်ငံ ကဘာတွေ လုပ်နေပီ ဒို့ လဲ ဘယ်လို လုပ်သင့်တယ်ဆိုတာ . ယှဉ်ရတော့မှာပါ... ခုတော့ မာန်မာနတွေ ထောင်လွား နေခဲ့ လို့  ကျနော်တို့ နိုင်ငံ ပတ်ဝန်းကျင်နိုင်ငံတွေ အောက် နောက်ကျန်ခဲ့ပီဆိုတာ ငြင်းနေစရာမလိုဘဲ သူတို့ တစ်တွေ ရဲ့ တိုးတက်နေတဲ့စီးပွားရေးတွေ ကသက်သေပြနေပါပီ... ဆိုတော့ ..အချုပ်အားဖြင့်ဆိုရရင် ဘယ်သူမဆို မာန်မာန ထောင်လွားခြင်းမှကင်းကြပါစေ ငါသာသိ ငါသာတတ် . ငါနိုင်တယ် ဆိုတဲ့ ငါစွဲမာန်မာန တွေ မထောင်လွားကြဘဲ ..မသေခင်စပ်ကြား... မာန်မာန ကင်းပီး အေးချမ်းစွာနှင့် နိုင်ငံတော်လဲတိုးတက်ပါစေ ..မိမိတို့ ဘ၀လဲ တိုးတက်ပါစေ.. ဖေါ်အဲဗားလာ ပရိတ်သတ်လဲ အမြဲတိုးတက်ပ်စေလို့ ... ဆန္ဒချွေလျှက်

ကိုးကွယ်ရာအစစ်ကိုရှာဖွေကြခြင်း(၃)

ဘီစီ ၆ရာစုမှာ လူတွေ မှီခို အားထားရှာကြတာဟာ သူ့ ထက် ငါ အ လုအယက်ပါဘဲ ဗုဒ္ဓမြတ်စွာနှင့် အပြိုင် ဘုရား ဆိုပြီး ၀ါဒပြိုင် တွေ ပေါ်ထွက်ခဲ့ပါတယ် ၁၊ပုရာဏပဿပ ၂၊ပကုဓကစ္စာယန ၃၊သဉ္ဖယဗေလဋ္ဌပုတ္တ ၄၊နိဂဏ္ဌနာဍပုတ္တ ၅၊မက္ခလိဂေါသာလ ၆၊အဇိတကေသကမ္ဗလ .. အစရှိသော ဘုရားတုတွေ ပေါ်ခဲ့ပါတယ်။ ခြောက်ဦးတောင် ရှိဆိုဘဲ..တကယ်တော့ဘုရားဆိုတာ ဘာလဲဆိုတာ ဘာမှမသိသေးတဲ့သူတွေ ကို လိမ်ညာခဲ့ကြာတာပါဘဲ၊ သို့ သော်လည်း ထိုဘုရားဆိုသူတွေ ဟာ သာမာန်ထက်တော့ သာတဲ့သူတွေပါဘဲ (အဲဒီခေတ် ကတောင် လိမ်ညာ တတ်ကြသေးတာ ဆိုတော့ ခုခေတ် လို အလိမ်ညာတွေပေါတဲ့ခေတ်မှာ ဘိုးတော် ဘွားတော် အကြားအမြင် ဆရာ တွေ လုပ် ပြီး လိမ်ညာနေတာ တော့မဆန်းပါဘူး အလိမ်ခံနေရသူတွေ ကို က ညံ့ နေလို့ ပါ) တွေးကြည့်ပါ မြတ်စွာဘုရားတောင် ညာဏ်ကျက်စားမှ သိမြင်နိုင်တာပါ၊ မြင်နိုင်သိနိုင်ဖို့ ဆိုတာ ဒိပ္ဗစက္ခု ညာဏ် ရှိမှပါ ဒိညာဏ်ဟာ ရဘုရားရဟန္တာတွေ ဘဲ ရရှိနိုင်တာပါ၊ သာမာန်လူ တစ်ယောက် က အကြားအမြင်ရတယ် လို့ ထင်တဲ့သူဟာ သူ့ ထက် .အ .တဲ့သူ ဒီဇမ္ဗူမှာ ရှိအံ့မထင် သတိထားကြပါ။ အားကိုးစရာဆိုတာ သရဏဂုံပါ။ သရဏဂုံတောင် ရွတ်နေရုံဖြင့် ဘာမှ အကျိုးမရှိပါဘူး။ ရင်ထဲ က နေ ကြည်ညို ဆည်းကပ်မှပါ။ ဘ၀လွတ်မြောက်ကြောင်းတော့မဟုတ်သေးပါဘူး။ ဘ၀လွတ်မြောက်အောင်ဆိုတာကတော့ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ရမှာပါ။ မြတ်စွာ ဘုရား ကဟောခဲ့ပါတယ် အတ္တာဟိအတ္တနော နာထော မိမိကိုယ်ကို သာ ကိုးကွယ်ရာ၏ လို့ ဟောခဲ့ပါတယ်။ အားကိုးလို့ ရရင် ဘာမှမလုပ်ဘဲ အားကိုး ဆုတောင်းနေကြတော့မှာပေါ့ ။ ခုခေတ် ကျောင်းသူ ကျောင်းသားတွေ သတိထားစရာပါ။ စာတော့မကျက် မိမိကိုယ်တိုင် က မကြိုးစား စာမေးပွဲနီးမှ ဟိုဘိုးတော် ကယ်ပါ ဒီဘွားတော် ကယ်ပါ နှင့် .. ကယ်ခိုင်းတိုင်းရမတဲ့လား… ဘယ်အရာမဆို မိမိ ကိုယ်တိုင် အားထုတ်မှ ရတာပါ။အားကိုးမှားနေကြတာ တွေ သိပြုစရာပါ။

တချို့ ဗေဒင်ဆရာကို ယုံနေကြတာပါ။ ဗေဒင်ဆိုတဖေါ်မြူလာ တခုပါဘဲ။ လူတစ်ယောက်ရဲ့ ဘ၀ကို ဖေါ်မြူလာနှင့် တွက် လို့ ရမတဲ့လား။ နေအပါအ၀င်ဂြိုလ်ကြီးကိုးလုံးရယ် လရယ်နှင့်အခြားနက္ခတ်တွေ ကိုမှီးပြီးတွက်ချက်ကြတာပါ။ ရာနုန်းပြည့်မမှန် ပါဘူး။ ဒီလိုပြောတော့ ပြန်ထောက်စရာရှိပါတယ်။ သိဒ္ဓတမင်းသားမမွေးခင် ကိုယ်ဝန်ရှိတော့ ဟောကြတဲ့ ပုဏ္ဏားတွေထဲမှာ ကောဏ္ဏည ပုဏ္ဏား ဟော ခဲ့တာ တွေ ဟာ တိုက်ဆိုင်မှန်ကန်နေပါတယ်။ မှန်သင့်သလောက်မှန်ပါတယ် ရာနုန်းပြည့်မမှန် လို့ လဲ မြတ်စွာဘုရားက အားမပေးခဲ့တာပါ။ ဒီပညာတွေ ဟာ သံသရာပြတ်ကြောင်းတရားတွေမဟုတ်ပါဘူး။ တကယ်တော့ ၀ိပဿနာ ကျင့်စဉ်အတွက် အနှောက်ယှက် ဖြစ်စေတာဘဲရှိပါတယ်။ အာကာသမှာရှိတဲ့ နက္ခတ်တွေ ကလူတစ်ယောက် ကို ကောင်းအောင် မပြုပြင်နိုင်သလို ဆိုးအောင်လဲ မဖန်တီးနိုင်ပါဘူး။ စနေဂြိုလ်စီး လို့ ဆိုပီး ယတြာတွေ ခြေ နေကြတာ အံ့သြစရာပါ။အာ ကာသ မှာ ရှိတဲ့စနေဂြိုလ် က လူကို ဒုက္ခမပေးပါဘူး။ တကယ် ဒုက္ခပေးနေတာ အားကိုးများပြီးမေးနေတဲ့ဗေဒင်ဆရာပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ယတြာခြေရင်တော့ အနဲနှင့်အများ ကုန်ပြီပေါ့။

နောက်ပီး နတ် တွေ ကိုးကွယ် ကြတာ ကမ္ဘာဦးက စရှိခဲ့တာမှန် သော်လည်း ကမ္ဘာဦး က မြတ်စွာဗုဒ္ဓ မပေါ်ခဲ့သေးလို့ ပါ။ မှန်ကန်သောနည်းလမ်း ပေးမည့် ရှင်တော်ဘုရားမပေါ်သေးလို့ ပါ။ ခု နည်းပေးလမ်းပြ ရှိခဲ့ပါလျှက် တရားတွေ ပိဍကတ်တွေ အထင်အရှားရှိပါလျှက် နတ် ကိုးကွယ်လျှက် ဆက်ရှိနေတာ ဟာကမ္ဘာဦး အစ လူသား အဆင့်လောက် အသိညာဏ် ဘဲရှိတော့တာ ဆိုတာ ထင်ရှားနေပါဘီ။

ဗုဒ္ဓရဲ့သားတော် ရဟန်းတွေ ကိုယ်တိုင် ဗေဒင်တွေ ယတြာတွေ လုပ်နေကြတာ ဟာ ၀မ်းနည်းစရာပါ။ အားမနာတမ်း ရေးရလျှင် အဲလို ရဟန်းတွေ ကိုလဲ မမှီခို မဆည်းကပ်သင့်ပါဘူး။ ဆည်းကပ် မှီခိုနေမယ် ဆိုလျှင်တော့သံသရာရှည်ကြောင်း လုပ်နေပြီဆိုတာ သတိထားအပ်ပေပြီ။ မှီခိုအားထားမှားပြီဆိုတာ သိထားသင့် ပေသည်။

တချို့ ရှိပါသေးတယ် အရာရာ ဘုရား ကဖန်ဆင်းတာ တဲ့။ ဘုရားတို့ မည်သည် သတ္တ၀ါတွေ အရေးကြည့်နေသူတွေဖြစ်လျှက် ဂရုဏာရှင်ဖြစ်ပါလျှက် ရုပ်ဆိုးသူတွေ၊ ဆင်းရဲသူတွေ၊ ညာဏ်ထိုင်းသူတွေ၊ ဝေဒနာသည်တွေ အိုစုံလို့ ပါဘဲ မဟုတ်တာတွေ ဘာလို့  ဖန်ဆင်းပါလိမ့် ဆိုတာစဉ်းစား စရာပါ။ အဲလိုအတွေးအခေါ်တွေ မ၀င်မိ အားမကိုးမိပါစေနှင့် လို့ သတိပေးပါရစေ။

လူ့ ဘ၀ရောက်လာတာ လူရယ်လို့ ဖြစ်လာတာ ကံထူးလို့ ပါ။ အရိယာတရားတွေ ဟာ လူ့ ပြည် မှာဘဲ တွေ့ စေတာပါဘဲ ။ ဒါ့ကြောင့် လူဖြစ်ခိုက် ကိုးကွယ် မှုမမှားကြစေဘဲ သံသရာပြတ်ကြောင်း ၀ိပဿနာ တရားထူးများ ရှာဖွေဆည်းကပ် ရနိုင်ကြပါစေ လို့ ဆန္ဒပြုလျှက်

မှတ်ချက်။ ။ ဤစာများသည် ပ-ဒု-တ နှစ်မြန်မာ စာမှ ပြဌာန်းစာများ ကို မှီး ပြီး အခြားဖတ်မိ မှတ်မိသမျှ ကို အခြေခံရေးထားသော စာရေးသူအာဘော်များဖြစ်၍ ဗုဒ္ဓတရားများနှင့် လွဲချော်မှု ရှိပါက စာရေးသူအမှားများသာဖြစ်ကြောင်း ၀န်ခံပါရစေ။

ကိုကွယ်ရာအစစ်ရှာဖွေကြခြင်း(၂)



လူ့  လောက ဟာ အင်မတန်ဆန်းကျယ် လှပါတယ်။ လူ့ လောက လူ့  ဘ၀သဘာဝတွေဟာလည်း ထွေပြောများ ပြားလှပါတယ်။ ကမ္ဘာဦးအစ လူသားတွေ ဟာ လောဘ၊ဒေါသ၊ မောဟတရားတွေ နည်းပါး တယ် လို့  အဆို ရှိပါတယ်။ တဖြည်းဖြည်း လူဦးရေတွေထူထပ် လာတော့ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာပါတယ်။ အဲဒီမှာ မဟာ သမ္မတ မင်း ဆိုတာပေါ်လာပါတယ် ။ မဟာ သမ္မတမင်းဆိုတာ သူ့ အလို လျှောက်ပေါ်လာတာတော့မဟုတ်ပါဘူး။ လူတွေ အားလုံးလေးစားကြည်ညိုရသူကို မိမိတို့ အတွက် ကြီးကြပ် စီမံပေးဖို့  ထိုမဟာ သမ္မတမင်းမှ ဆုံးဖြတ်လျှင် နာခံဖို့ အများဆန္ဒအရ အကျင့်စရဏ နျင့်ပြည့်စုံသူကိုတင်မြှောက် ကြတာပါ။( တကယ်တော့ ကမ္ဘာဦးကတည်း က လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာရှိခဲ့တာပါ အဲဒီတုန်းကတော့ စာတွေ ပေတွေနှင့် မဲပေးတာမဟုတ်ဘဲ ပါးစပ်ပေး လက်တွေ့ ရှေ့မှာပေါ်တင် ဆန္ဒကောက်ယူကြတာပါ ခုလို မဲလိမ်တာတွေ မဲဆွယ်တာတွေ မပေါ်သေးဘူးပေါ့ မဲဆွယ်တယ်လိမ်တယ်ဆိုတာ ကိုယ်ညံ့လို့ ပါ ကိုယ့်မှာလေးစားလောက်တဲ့အချက်တွေရှိနေရင် လူထု ကကြိုက်နေမှာပါဘဲ ကမ္ဘာဦး မဟာသမ္မတမင်း ရွေးခြယ်မှု ကသက်သေပြနေပါတယ်)(ဤကားစကားချပ်) ရွေးချယ်တင်မြှောက်ခံရသူကို လူထု က မိမိဝင်ငွေရဲ့ ဆယ်ဖို့  တစ်ဖို့ ပေးကြမယ် လို့ ကတိတွေထားခဲ့ကြပီး မလိမ်တမ်းမညာတမ်းလဲပေးခဲ့ကြပါတယ်။ မဟာသမ္မတမင်းကြီး ကလဲ ရရှိတဲ့ငွေ ကို မိမိ အတွက်ရယ် လူထုအတွက် ရပ်ရွာအတွက်ရယ်ဆိုပီးခွဲခြားပီး စီမံအုပ်ချုပ်ခဲ့ပါတယ်။ များသောအားဖြင့် မဟာသမ္မတမင်းတွေဟာ ငါးပါးသီလသာမက ဆယ်ပါးသီလထိမြဲကြတယ် လို့ လေ့ လာမှတ်သားရပါတယ် ။ ကျနော် ရေးလိုတဲ့ ကိုးကွယ်ရာအစစ်ရှာဖွေကြခြင်း ဆိုတဲ့ ခေါင်းစဉ် ကနေ အနဲငယ်သွေဖီနေလို့  စာသား ကို ပြန်ချုံ့ ပါရစေ
တချို့ လဲ မဟာသမ္မတမင်း ကို ကယ်တင်ရှင်ကြီးအလား အားထားကြ ပါတယ် တကယ်တော့ မဟာ သမ္မတမင်းလဲ လောက လူနေမှု တွေ ကို အဆင်ပြေအောင်သာ အုပ်ချုပ်စီမံနိုင်ပေမယ့် ဘ၀လွတ်မြှောက်မှု ကိုတော့ သူလဲ မတတ်နိုင်ပါဘူး။ မြေနတ်၊လေနတ်၊မီးနတ်၊တောနတ်၊တောင်နတ် စသည်မှီခိုအားထားမှု့ တွေလဲ ရှင်သန်ဆဲပါ၊ သမဏ ဗြဟ္မဏ ကိုးကွယ်မှု တွေလဲရှိဆဲပါ။ အဲဒီထဲမှာတော့ သမဏဗြဟ္မဏ က အားသာဆဲပါ။ ကမ္ဘာဦးလူသားတွေ ဟာ ဗြဟ္မာကြီးတွေ က စုတေ ပေါက်ဖွားလာသူတွေဖြစ် လို့ ဗြဟ္မာ ကို ကိုးကွယ်အားထားကြတာ လို့  ဆိုရင်မှားအံ့မထင် ကိုးကွယ်ရာ အစစ် ကလဲ ရှာမတွေ့ သေးလေတော့ မိမိတို့  ယခင် ကအားထားရာ ဗြဟ္မာမင်းကြီးကို အားထားတာဖြစ်နိုင်ပါတယ်။
ဗြဟ္မာ ကိုးကွယ်မှု ကို အနည်းငယ်တင်ပြလိုပါတယ်။ လူ့ သက်တမ်း ၁၀၀နှစ်ဟာ စတုမဟာရာဇ် နတ်ပြည် တစ်ရက် လို့ အဆိုရှိပါတယ် ။ နတ်ပြည်ခြောက်ထပ်ရှိရာမှာ တထပ်နှင့် တထပ် နှစ်ဆ ပို အသက်ရှည် သည် ဟု မှတ်သားရပါတယ်။ နတ်ပြည်ထက် ပို သက်တမ်းရှည်တာကတော့ ဗြဟ္မာ့ပြည်လို့  ဆိုပါတယ်။ ဗြဟ္မာများသက်တမ်းရှည်ပုံ က ဗြဟ္မာတွေ ကိုးကွယ်နေ တဲ့ဗြဟ္မာမင်းကြီးကိုယ်တိုင် သူ ဘယ် ကနေ ဘယ်လို လာပီး ဘယ်တော့သက်တမ်းကုန်မယ် ဆိုတာတောင် မသိအောင်ပါဘဲတဲ့… အဲဒီတော့ နတ်တွေ ဗြဟ္မာလေးတွေ က အရာရာ ငါတို့ ဗြဟ္မာကြီးကဖန်ဆင်းတာ ဆိုပြီးဗြဟ္မာမင်းကြီး ကို ကိုးကွယ် ပါတယ် ဗြဟ္မာ မင်းကြီးလဲ တကယ်တော့ ဘ၀ ဘယ် ကစဖြစ်ပြီး ဘယ်မှာဆုံးတယ် ဆိုတာ မသိပါဘူး။ ဒါပေမယ့်ကြာလာတော့ သူလဲ ဘ၀င်ကိုင် အရာရာ သူဖန်ဆင်းတာ လို့ ဆိုလာပါတော့တယ်။ အဲဒီက စ ဗြဟ္မာ ကိုးကွယ် မှု တွေ စခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိန္ဒူ သမဏ ဗြဟ္မဏ ၀ါဒဟာ ကမ္ဘာဦး ကစခဲ့တာ ဆိုလျှင် ကျနော် တို့ မငြင်းနိုင်ပါ သို့ သော် မှန်ဖို့ လိုပါသေးတယ်။
BC ခြောက်ရာစုမှာ သိဒ္ဓတ မင်းသားဟာ သူအို၊သူနာ၊သူသေ ရဟန်း ဆိုသော နမိတ် တွေမြင်ပြီး ခမည်းတော် မယ်တော် ၊ကြင်ယာတော် ယသော်ဓယာ၊ သားတော် ရာဟုလာ နှင့် ထီးနန်းစည်းစိမ်တို့ ကို စွန့် ခွာ တောထွက် ရဟန်းပြု ပြီး ခြောက်နှစ် ကာလ လွန်မြောက်သော အခါ အရာအားလုံး ကို မချွင်းမခြံ သရမ္ဘူညာဏ် ဖြင့်သိမြင်ပြီး သုံးလောကထွတ်ထား ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိပါတယ်။ ဘုရားဖြစ်ပြီး ဂေါတမအမည်ဖြင့် မိမိသိရှိသော တရားတွေ ကို နတ်၊လူ၊ဗြဟ္မာ သတ္တ၀ါတွေ ကို ဟောကြားပြသခဲ့တာကတော့ နှစ်ပေါင်း ၄၅နှစ်တိုင်တိုင် ပါဘဲ။
ဂေါတမမြတ်ဘုရား မှ ဘ၀အစ သံသရာလည်ပုံ ပဋိစ္စ သမုပ္ပါဒ် ကို ဟောကြားပြ သပေးခဲ့၍ သံသရာလည်ပုံနှင့် လောက မှီခိုအားထားရာဟာ ခန္ဓာ ဖြစ်ပျက်မှု တရားများသာဖြစ်ကြောင်း သိလာခဲ့ကြပေသည်။ သို့ သော် သိရှိသူနှင့် လော က လူ့ အရေအတွက် နှင့်နှိင်းစာသော် အလွန်နဲ ခဲ့ပါသည်။
မြတ်ဗုဒ္ဓမှ မိမိတရားမှမဟုတ် မည်သည့် တရားမဆို ပြောစကားသက်သက် မယုံဘဲ ကြင့်ကြံအားထုတ် ဟုတ်မှ ယုံကြည် ကြဘို့ လဲ မှာကြားခဲ့ပါသည်။ ဤနေရာတွင်ထောက်ချင့် ကြည့်နော် ဂေါတမ ဗုဒ္ဓရှင်တော်ဘုရားမှာ ငါသာအမှန် ငါစွဲ မစွဲ ခဲ့ကြောင်း လွတ်လပ် စွာ ကိုးကွယ်စေကြောင်းသက်သေပြနေပေ သည် ။ ဤသည်ပင် ဗုဒ္ဓဘာသာ သည် သိပ္ပံနည်းကျ လက်တွေ့  ဗုဒ္ဓဘာသာမည်ပေတော့သည်။ မည်သည့် တရားမဆို အချိန်အခါမရွေး နေရမရွေး အစမ်းသပ် ခံနိုင်ပါမှ တရားစစ်မည်ပေ မည်။
သို့ ဖြစ်၍ တရားစစ် တရားမှန် နှင့်ကြုံ ကြိုက် နေခိုက် ကျွန်ုပ် တို့  တစ်တွေ သည် အခွင့်သာခိုက် အားစိုက ထုတ်သင့် လှပေတော့သည်။ တရားရရန် အချက်များကား
၁၊ တရားစစ်တရားမှန်ဖြစ်ခြင်း
၂၊ ဟောကြားပြသနိုင်သူ ရှိ ရခြင်း
၃၊ နာကြားနိုင်သူ ဆွံ့ အ နားမကြား မဟုတ်ရခြင်း တနည်း
အပါယ် လေးဘုံသားမဟုတ်ခြင်း၊လူစင်စစ်ဖြစ်ရခြင်း
၎၊ ကျင့်ကြံဖို့ အားထုတ်ဖို့  လိုခြင်း တို့ ဖြစ်ပါတယ်
ဒါ့ကြောင့် အခွင့်အခါ ကြုံခိုက် အားစိုက်ကြပါစို့  နောင်အခါ နောင် ဘ၀မှာ ဒီလို အခွင့် အရေး အားကိုးအားထားရနိုင်ဘို့  မလွယ် နိုင်ကြောင်း အားကိုးရာအစစ် သည် စစ်မှန်သော တရား နှင့် မိမိ သာလျှင်ဖြစ်ကြောင်း …..
အချိန်မရှိလို့  ပါရမီမပါလို့ ဆိုသော ဆင်ခြေများရုပ်သိမ်းပီး စစ်မှန်သောတရားနှင့်တွေ့ ကြုံခိုက် လူဖြစ်လာခိုက်မှာ ကြိုစားကြပါစို့ လို့ 
အသိပေးနိုးဆော်လျှက်
ခန္ဓာညာဏ်ရောက် တရားပေါက်ကြပါစေ

မှီငြမ်း…. ပ-ဒု နှစ်မြန်မာစာ
….. တောင်မြို့ မဟာ ဂန္ဓာရုံ ဆရာတော် တရားများ
ကိုးကွယ်ရာအစစ်ရှာဖွေကြခြင်း(၁)



ကမ္ဘာဦးကအစ လူတွေ ဟာ အားကိုးရာ ကိုးကွယ် ရာကို ရှာခဲ့ကြပါတယ်။သို့ သော် လည်း ကိုးကွယ်ရာအစ် ကိုးကွယ် ရာအမှန် ကို တော့ မတွေ့ ခဲ့ကြပါဘူး။ ကိုးကွယ် ရာလို့  ထင်ထား တဲ့အရာတွေ ကို က ကိုးကွယ်ရာ အစစ် မှန် မမှန် ဆိုတာ သူတို့ လဲ မသိခဲ့ကြပါဘူး။ မြေ ကြီးဟာ လူတွေ တည်မှီရာဖြစ်တယ် ဒါ့ ကြောင့် မြေကြီး ကို ကိုးကွယ်မယ် ဆိုတဲ့ အတွေးကြောင့် မြေနတ်၊ ရေလွှမ်းမိုးတတ်တဲ့ ဒေသတွေမှာတော့ သူတို့ စိတ်ထင် ရေနတ်မင်းကြီး ကစိတ်ဆိုးလို့ ရေကြီးစေတယ် ဆိုပြီး ရေနတ် ကို ပူဇော်ကြတယ်( တရုတ် ဇာတ်ကား မျောက်မင်း ၀ူခုံးကားမှာ ကြည့်နိုင်ပါတယ်)။ တချို့ ကြတော့ လေဒဏ်ခံရတော့ လေနတ် ကစိတ်ဆိုးလို့ ဒုက္ခ ပေးတယ်ထင်ပီး လေနတ်ကို ကိုးကွယ်။ မီးအပူ၊ မီးဘေးဒုက္ခခံရသူတွေ က မီးကို ကိုးကွယ်။ တော ကို ကိုးကွယ်တော့ တောနတ် ၊ တောင် ကို ကိုးကွယ်တော့ တောင်နတ် အဲဒီလိုနှင့် မြေနတ်၊ရေနတ်၊လေနတ်၊မီးနတ်၊တောနတ်၊ တောင်နတ်၊ သမဏ၊ ဗြဟ္မဏ ကိုးကွယ် သူတွေ အစရှိသဖြင့်ပေါ်လာခဲ့တော့ တာပါဘဲ တကယ်တော့ ဒါတွေ ဟာကိုးကွယ်ရာ အစစ် မဟုတ်ဘူးဆိုတာ သူတို့ ကိုယ်တိုင်သဲသဲ ကွဲကွဲ မသိကြသေးပါဘူး။ ကမ္ဘာဦးလူသားတွေ ရဲ့ အသိဥာဏ်ပါဘဲ....

အဲလို သဲသဲ ကွဲကွဲ မသိခင်မှာ အတန်အသင့် သိကျွမ်းသူတွေ ကဆရာတဆူ၊ ဘုရားတစ်ဆူ လုပ် အကိုးကွယ်ခံလာကြပါတယ်၊ လူဆိုတာ ကြောက်တတ်တဲ့သတ္တ၀ါဖြစ် လေတော့ ကိုးကွယ်ကြတာပါဘဲ( ခုခေတ်တောင်ရှိနေပါသေးတယ် ဘိုးတော် ဘွားတော် ဘဘကြီး၊အဖေကြီး၊ အမေကြီး အော် စုံလို့ ပါဘဲ ဒီကြားထဲ ဗေဒင်ဆရာက ပါလိုက်သေး... သီးသန့် တင်ပြပါဦးမည်)

ဒီလိုနှင့် ဘီစီ ၆ရာစု အတွင်းမှာ သိဒ္ဓတ္တ မင်းသား ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်ပြီး လောက မှာ အဖြစ်ရှိရင် အပျက်ရှိမယ် ၊ အစရှိရင် အဆုံးရှိမယ်၊ သေခြင်းရှိရင် မသေခြင်းလဲ ရှိရမယ်၊ဒုက္ခရှိရင် သုခ လဲရှိရမယ်... ခု ငါခံစားနေတာတွေ ဟာ သုခ စင်စစ် မဟုတ်သေးဘူးဆိုတာသိပီး သန္တိသုခ ကိုရှာရာမှာ ၆နှစ်ကြာခဲ့ပါတယ် ဒီခြောက်နှစ် မတိုင်ခင်မှာ လဲ အာဠာရ၊ ဥဒက ဆိုသောရသေ့ အကျော်အမော် တို့ ရဲ့ ပညာတွေလဲဆည်းပူးခဲ့ပါတယ် သူတို့ ပညာတွေ ဟာ သိဒ္ဓတ္တ အဖို့  မဆိုစလောက် ပါဘဲ တခဏအတွင်းတတ်မြောက်ခဲ့ လို့ သူတို့ စီက ဖဲ့ခွာပြိး ဥရုဝေလတောမှာ ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပီး လောက ၏ လွတ်မြောက်ရာ သန္တိသုခ ကို ရှာဖွေ တွေ့ ရှိပါတော့တယ် မိမိရှာဖွေ တွေ့ ရှိလာသောတရား တွေ ကို ဝေနေယျသတ္တ၀ါတွေ ကို ချေချွတ်နည်းပေးလမ်းပြပြုခဲ့ပါတယ်..

သိဒ္ဓတ္တ ဟာ သန္တိသုခ ကို ရှာဖွေတွေ့ ရှိပြီးနောက်ပိုင်း မှာ တော့ ဂေါတမ ဗုဒ္ဓ အမည် ဖြင့် တရားတွေ ဟောကြားခဲ့ပါတယ် ။ ဂေါတမဘုရားရှင် ရဲ့ တရားတွေ ထဲမှာ ဖန်ဆင်းသူမရှိ၊ ဆုတောင်းယူလို့ မရ၊ ပေးလို့ လဲမရ၊ မိမိလုပ်မှ မိမိရမည်၊ စတာတွေ ဟာ သိပ္ပံနည်းကျတွေ ပါ
ဘဲ နောက်ပြီး ဂေါတမဟာ သူ့ တရားသာအမှန် သူသာအမှန်လို့ အတင်းအကြပ် မပြောပါ။ ကျင့်ပါ လုပ်ပါ ဒီလို လုပ်ရင် ဒီအဆင့်မှာဒီလိုတွေ့ မယ် ဒီလို တွေ့ ရင်မှန်တယ် ။ဒီလို တွေ့ ရင်မှားတယ်၊ ကျင့်ပြီးမှယုံစေပါတယ် ။ အများပြော ၊သူပြော၊ဆရာပြော၊ လေးစားသူ ပြောလဲ မယုံဘို့ မိမိကိုယ်တိုင်ကျင့်ပီးမှယုံ ဘို့ ပြောခဲ့တာတွေ ဟာ ငါ စွဲမစွဲ စေခဲ့တာပါဘဲ.. ဘီစီ၆ရာစု အတိအကျပြောရရင်တော့ လွန်ခဲ့သော၂၅၅၆ ခုနှစ် က စလို့ အားကိုးစ၇ာ အစစ်ဆိုတာ မိမိကိုယ် သာဖြစ်ကြောင်း နှင့် မြေ၊ရေ၊လေ၊မီး၊ဘိုးတော် ၊ဘွားတော် ၊ဗေဒင်ဆရာတွေ မဟုတ်ဘဲ ခန္ဓာမှ အဖြစ်အပျက်တရားတွေ ကို သိနိုင်မှ သာ သံသရာမှလွတ်မြောက်ပြီး လူ့ လောက အရှုပ်ထဲမှလွတ်မြောက်မှာဖြစ်ကြောင်း သိရှိလာခဲ့ကြပါတယ်... သို့ သော်လည်း ခုချိန်ထိ နတ်ကိုးကွယ်မှု။ ဗေဒင်ယုံကြည်မှုတွေ ရှိနေခြင်းဟာ ကမ္ဘာဦးလူ သားတွေ အဆင့် လောက် ပြန်ပြီး နောက်ကျ ကျန်နေပြီးဆို တာ သက်သေပြနေပါဘီ

မိမိကိုယ် ကိုမှ မပိုင် မွေးတော့လဲ ဗေဒင်ဆရာ၊ နာမည်ပေးတော့လဲ ဗေဒင်ဆရာ၊ မင်္ဂလာဆောင်တော့လဲ ဗေဒင်ဆရာ၊ သားသမီးရတော့လဲ နာမည် ပေးတာကအစဗေဒင်ဆရာ ကဲ ဗျာမိမိကိုယ် ကို ကိုယ် မပိုင်ဘဲ အစစအရာရာ ဗေဒင်ဆရာ လက်ထဲ မှာရောက်နေတာ ဟာ လွတ်လပ်မှု မဟုတ်ဘဲ ကိုးကွယ်မှုလွဲမှားနေကြပီးဆိုတာ သိနိုင်ကြပါစေ အမြင်မှန်ရကြပါစေ မြတ်စွာဘုရားဟောသော အတ္တာဟိအတ္တနော နာထော ဆိုသည်မှာ မိမိကိုယ် သည်သာ ကိုးကွယ် ရာအစစ်ဖြစ်ပေသည်ဆိုတာ အသိပေးရင်း ကိုးကွယ်ရာအစစ်ဟာ မိမိကိုယ်မှာဖြစ်ပျက် နေသော ဖြစ်ပျက်တရားများရှု မှတ်ခြင်းမှ ရလာသော ဥာဏ်တရားများသာဖြစ်ကြောင်း ထပ်လောင်း အသိပေးရင်း..

ကိုးကွယ်ရာအစစ်ရှာဖွေတွေ့ ရှိကြပါစေလို့ 

ဆန္ဒပြုရင်း

မိန်းမ မကြောက်သူကိုရှာဖွေချြင်း

        ကျနော် ဖတ်ဖူးတဲ့ဘုရင်ကြီးတစ်ပါးအကြောင်း သွား သတိရမိလို့
ရေးသားမျှဝေလိုက်ပါတယ်
    ဟိုရှေးတုန်း ကလို့ဆိုရမှာပေါ့   ဘုရင်ကြီး တစ်ပါး ဟာ မိဖုရားကြီး ကို တော် တော်ကြောက်ပါသတဲ့
အဲဒါနှင့် သူ့ ကိုယ်သူ သိမ်ငယ်နေတာပေါ့ ညီလာခံမှာတော့ စတိုင်နှင့် ထိုင် အမိန့်တွေပေး နေ ငါ့ မိဖုရားနှင့်တွေ့ရင် သူက ငါ့ကို အမိန့်ပေး
တာ နာခံနေရပါလားပေါ့
ဒါနှင့် မိန်းမ မကြောက်တတ်သူကိုရှာပြီး  ဆရာတင်မယ် နည်းနာခံမယ်ပေါ့
ဒါနှင့် နောက်တနေ့မှာ မောင်းကြေးနင်းခတ်စေပြီး  တိုင်းပြည် မှာရှိသမျှ အိမ်ထောင်ဦးစီး ယောက်ျားမှန်းသမျှ မလာ မနေရ လာရမည် တချက်လွတ် အမိန့်တော်
ဘုရင်ကြီးကလဲ   မဏ္ဍပ်၂ခုဆောက်စေပြီး တစ်ခု ကတော့ မိန်းမကြောက်သူများထိုင်ရန် မဏ္ဍပ် နှင့် တခု ကတော့ မိန်းမ မကြောက် သူ
များထိုင်ရန်မဏ္ဍပ်ပေါ့ ဆိုင်းဘုတ်က လဲရေးထားသေး  စာမဖတ်တ်သူပါရင်လဲ ပြောပြမဲ့သူ ကရှေ့မှာအရန်သင့်ပေါ့
မိန်းမ မကြောက်သူဆိုရင် ဆုငွေတွေလဲပေးဦးမယ် လို့ဆိုပါတယ်
ဝန်ကြီးတွေ လာကြပါတယ်  မိန်းမကြောက်တဲ့ မဏ္ဍပ်မှာဝင်ထိုင်ကြပါတယ်   ဘုရင်ကြီး စိတ်အားငယ်တာတွေလျှော့သွားပါတယ်
ငါ့မှာ အဖေါ်ရပြီပေါ့ ဒီ လိုနှင့် လာလိုက်ကြတာ အကုန်မိန်းမကြောက်မဏ္ဍပ်မှာဘဲ ထိုင်ကြပါသတဲ့
အဲ.....အဲဒီမှာ ထူးထူးခြား မောင်မင်းကြီးသား ရွှေတောသား တစ်ယောက် က တန်းတန်း မတ်မတ် မိန်းမ မကြောက်တဲ့ မဏ္ဍပ်မှာ ၀င်ထိုင်ပါသတဲ့   ဘုရင်ကြီး အပါအ၀င် ၀န်းကြီး ၊မူး မတ် တွေ သူ့ ကိုတော် တော် အထင်ကြီးလေးစားသွားပါသတဲ့
ဘုရင်ကြီးလဲ ..  အင်း ငါတော့ ဒီကောင် ကို ကပ်မေးပြီး မိန်းမ နိုင်တဲ့နည်း သင်ယူရတော့မယ်ပေါ့  ပျော် နေတယ် ဆိုဘဲ
အဲဒါနှင့် မောင်မင်း ဒီမဏ္ဍပ်ဟာ မိန်းမ မကြောက်သူတွေ နေဖို့ဆိုတာ မောင်မင်းသိသလား ဆိုတော့ သိပါတယ် ဘုရားပေါ့
အင်း ဟုတ်ပြီ မောင် မင်း ကမိန်းမ မကြောက်သူမို့ ဒီမဏ္ဍပ်မှာရဲရဲဝန့်ဝန့် ၀င်ထိုင်ရဲတာပေါ့ဆိုတော့
ကိုရွှေတောသားဖြေပုံက  ကျနော်မျိုးမိန်းမ ကဒီလိုမှာလိုက်လို့ပါဘုရား
မောင် သူများဝင်ထိုင်တဲ့နေရာမှာ ၀င်မထိုင်နှင့်နော် ဒီတခါ တော် တော် ထူးခြားတယ် မောင်ရဲ့ ဆိုပြီးမှာလိုက်ပါတယ်   ...တဲ့
ဒါကြောင့် ဘယ်သူမှ မထိုင်တဲ့မဏ္ဍပ်မှာဝင်ထိုင်တာပါဘုရားတဲ့

သတိပေးတရားတော်