ခုခေတ်မှာတော်တော်များများ ပြောဆိုနေကြတာကြားတွေ့ နေရပါတယ် ဘုရားသာသနာ ၅၀၀၀ဘဲ ရှိတယ် ဆိုဘဲ ကျနော် တော့ စာဖတ်ဘဲနဲတာလား ဗဟုသုတဘဲနည်းတာလားတော့ မသိပါဘူး သာသနာ ၅၀၀၀ဘဲထား ခဲ့တယ် ဆိုတာ ခုထိမဖတ်ဘူးသေးပါဘူး အဲ ...ကျနော် သိတာဖတ်ဖူးတာကတော့ အကာလိကော တဲ့ မြတ်ဘု ရားရဲ့ တရားတော်တွေ ဟာ အချိန်အခါမရွေး ကျင့်ကြံ မယ် ဆိုရင် အချိန်ခါမရွေးဘဲ အကျိုးရှိပါတယ် လို့  တရား ဂုဏ်တော် ၆ပါးမှာ ကျက်မှတ်ခဲ့ရပါတယ်
တကယ် လို့ သာ သာသနာ ၅၀၀၀ ဘဲ ထားခဲ့မယ် ဆိုရင် နှစ်၅၀၀၀ နောက်ပိုင်းမှာ တရားတော်က ကျင့် လို့  မရတော့ဘူး မမှန်တော့ဘူးဖြစ်သွားမှာပေါ့ အဲဒါဆို အကာလိက ဂုဏ်တော်လဲ မမှန်တော့ဘူးဖြစ်သွား မှာပေါ့ မြတ်စွာဘုရားတို့ စကားမည်သည် တရားမည်သည်ဟာ ရှေ့နောက်ညီညွတ်တဲ့ အတွက် သာသနာ ၅၀၀၀ ဘဲထားခဲ့တယ် ဆိုတာဟာ မှားယွင်းမှု သာဖြစ်လိမ့်မယ် လို့  မှတ်သားရပါလိမ့်မယ် ဒါ့ကြောင့် ဗုဒ္ဓဘာသာ ၀င်သူတော်စင်တို့ အနေနှင့် သာသနာ၅၀၀၀ မက ဘဲ ကမ္ဘာတည်သမျှကာလ တရားတော် ဟာ မြတ်ဘုရားလမ်းညွန်တဲ့အတိုင်းကျင့်ရင် ရနိုင်ပါတယ် လို့ ယုံကြည်ကြပါ သိထားရမှာကတော့ နှစ်ကာလကြာ ရှည် လာရင်တော့ သာသနာကို စောင့်ရှောက်သောရဟန်းတော် တွေ ကသီလသိက္ခာ လျှော့ပါးလာလို့  တရားတော် ကို လက်ဆင့် မကမ်းနိုင်ရာကနေ တရားမသိ ဖြစ်နိုင်တာဘဲ ရှိပါမယ် သာသနာနှစ် ၅၀၀၀ နောက်ပိုင်း လူတွေ အကျင့်သီလတွေ ပိုမို ဖေါက်ပြားလာမယ် ဘုရားမသိ၊တရားမသိ တွေ ဖြစ်လာမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါကြောင်း....
No comments:
Post a Comment