Friday, 16 September 2011

နားလည်ပေးပါသားငယ်

                          အမေလမ်းမလျှောက်နိုင်ဖြစ်နေလို့  ခန္ဓာကိုယ်လေးလံနေလို့  မသွက်မလက်ဖြစ်နေတာကို မငြူစူပါနှင့်သား မင်းငယ်ငယ်က လမ်းမလျှောက်တတ် ယိုင်တိယိုင်ထိုး ဖြစ်နေတာကို အမေစိတ်ရှည်ရှည်နှင့် မင်းကို တွဲကူ ပြီးလမ်းလျှောက်သင်ပေးခဲ့တယ်သား  အဲဒါကို မင်းပြန်စဉ်းစားပီး အမေ့ ကို နာလည်ပေးပါသား
                          အမေနားတွေမကြားလို့ ဖြစ်ဖြစ် နားမလည်လို့ ဖြစ်ဖြစ် ခဏခဏ ပြန်မေးမိရင် အမေ့ ကို မငြူစူပါနှင့်သား ...  မင်းငယ်ငယ် က ဖေဖေ မေမေ မခေါ်တတ်တာ ခေါ်တတ်အောင် ...လောကအကြောင်း     တွေ မင်းမေးသမျှအမေ စိတ်ရှည်ရှည်ထားပီး ဖြေပေးခဲ့တာကို မင်းပြန်စဉ်းစားပြီး အမေ့ ကို နားလည်ပေး ပါသား....
                          အမေကိုယ့်ဝမ်းကို မနိုင်လို့ အိပ်ယာထဲမှာဖြစ်ဖြစ် အ၀တ်ထဲမှာဖြစ်ဖြစ် ၀မ်းသွားမိရင် မရွံ  ပါနှင့်သား မင်းငယ်ငယ် က အမေ့ပေါ်မင်းပါခဲ့တဲ့အီးအီးတွေ မင်းပေါက်ခဲ့တဲ့ရွီးရွီးတွေ မရေမတွက်နှိင်အောင်  ပါဘဲသား ထမင်းစားရင်း ၊ မင်းကို အမေပွေ့ ချီထားရင်း မင်းအိးအီးတွေ ပါခဲ့ရင် အမေမရွံမရှာ သန့် ရှင်းပေး ခဲ့ပါတယ်သား အဲ့ဒါတွေမင်းပြန်စဉ်းစားပီး အမေ့ ကိုနားလည်ပေးပါသား.....
                           အမေလက်တွေမသန်လို့ စားတာသောက်တာမသပ်ရပ်ရင်   အမေနှင့် အတူစားရတာ မရွံပါနှင့်သား  မင်းငယ်ငယ်က အမေ့ပန်းကန်ထဲကနှိုက်စားခဲ့တာတွေ  မစားတတ်စားတတ် အမေနှင့်  အတူ နှစ်ယောက်တပန်းထဲစားခဲ့တုန်းကအမေမရွံခဲ့ပါဘူးသား.....အဲဒါတွေပြန်စဉ်းစားပီးအမေ့ ကိုနားလည်
ပေးပါသား....
                             အမေကခေတ်ဆိုးကြီးထဲမှာ  ကြီးပြင်းခဲ့ရလို့ စာပေဖတ်တတ်ယုံလောက် တတ်ခဲ့တာပါ
သား.. အမေမသိနားမလည် လို့ လူပုံအလည်မှာ မင်းကို မေးမြန်းမိတာရှိခဲ့ရင်အမေ့ကို နုံတယ်...အတယ်လို့ 
မပြောပါနျင့်သား သားကို အမေလို မအအောင် တောတောင်ထဲမှာ နေပူမရှောင် မိုးရွာမရှောင် နွားတွေနှင့် အတူဖက်ရုံးပြီး သားဘ၀ကောင်းစားရေး ပညာတတ်ကြီးဖြစ်စေရေးအတွက် ပညာသင်ပေးခဲ့တာပါသား..
အဲ့ဒါတွေ နားလည်ပြန်စဉ်းစားပြီး အမေ့ ကိုနားလည်ပေးပါသား....
                            အမေ့ဆန္ဒက သားကို ဘီလ်ဂိတ်ထက်ချမ်းသာစေချင်တယ်...ဘန်ကီမွန်းထက်ကြီးတဲ့
ရာထူးလဲရစေချင်တယ်...ရွှေမုန့် တွေကျွေးချင်ခဲ့တယ်..အဲဒါကအမေ့ဆန္ဒပါ....အမေ့ ကံဇာတာ... သားရဲ့
ကံဇာတာက  ဒီလောက်ဘဲပါတော့   ဒီလောက်နှင့်ဘဲကျေနပ်ပါသား..သားရဲ့ဘ၀ကို ဒီလောက်လေးဘဲ
ပြုစုပျိုးထောင်ပေးလို့ ဆိုပြီး အမေ့ ကို မငြိုညင်ပါနှင့်သား...
                            အဲ့ဒါလေးတွေပြန်စဉ်းစားပီးအမေ့ ကိုနားလည်ပေးပါသား

No comments:

Post a Comment