Monday, 3 September 2012
စိတ်ဓါတ်မကျဘို့ 
သင် ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ
ကိုလိုနယ် စဲန်ဒါး ဟာ သူ့ အသက် ၆၅ နှစ်မှာ ပထမဆုံး လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ ၉၉ ဒေါ်လာကို လက်ခံရရှိခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ သူဟာ ငွေကြေးချို.တဲ့နေပြီး အိမ်ငယ်လေးတလုံး နဲ့ ကားအစုတ်ကလေး တစီးသာ ရှိခဲ့တယ် ။သူဟာ ဒီလိုနေသွားလို့ မဖြစ်တော့ဘူး ပြောင်းလဲမှုတခုခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ် ။ သူမှာ ရှိတဲ့အကြံဥာဏ်ကလည်း သူ့သူငယ်ချင်းတွေ ကြိုက်တဲ့ ကြက်ကြော်နည်းပဲရှိတယ် ။ အဲ့ဒီ အကြံဥာဏ်ကပဲ သူ့ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့တယ်။သူဟာ ကင်တပ်ကီ ပြည်နယ်မှာ ရှိတဲ့ သူ့ရဲ့အိမ်ကို စွန့်ခွါခဲ့ပြီး အမေရိကန်မှာ ရှိတဲ့ ပြည်နယ်များစွာကို သူ့အကြံဥာဏ်ကို ရောင်းဖို့ ခရီးထွက်ခဲ့တယ်။ သူက စားသောက်ဆိုင် ပိုင်ရှင်တွေကို လူတွေကြိုက်မဲ့ ကြက်ကြော်နည်းရှိတယ် ထိုကြက်ကြော်နည်းကို အလကားပေးမယ်လို့ ပြောခဲ့တယ် ။အပေးအယူ အဖြစ် သူပြန်လိုချင်ခဲ့တာကတော့ ကြက်ကြော်ရောင်းလို့ ရတဲ့ ငွေကနေ သူ့ကို ရာခိုင်နှုန်း အနည်းငယ် ပေးဖို့ပဲဖြစ်တယ် ။ သူဟာ စားသောက်ဆိုင် အတော်များများရဲ့ ငြင်းပယ်ခြင်းကို ခံရပေမဲ့ လက်မလျှော့ခဲ့ဘူး။ဘယ်လောက်ထိတောင် ငြင်းပယ်ခံရသလဲဆိုရင် အကြိမ် ၁၀၀၀ ကျော်အောင် ငြင်းပယ်ခံခဲ့ရတယ် ။ သူဟာ ပထမဆုံး သူ့ရဲ့ အကြံဥာဏ်ကို လက်မခံခင် အကြိမ်ပေါင်း ၁၀၀၉ ကြိမ် ငြင်းပယ်ခံခဲ့ရတယ်။ အဲ့ဒီ ပထမဆုံး လက်ခံမှုကို ရရှိခြင်းနှင့်အတူ ကိုလိုနယ် ဟတ်လဲန်း ဆဲန်ဒါး ဟာ KFC လို့ လူသိများတဲ့ ကင်တပ်ကီ ကြက်ကျော် နဲ့ ကမ္ဘာကြီးရဲ့ အစာစားသောက်မှု အလေ့အကျင့်တခုကို ပြောင်းလဲပြစ်ခဲ့တယ် ။ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက်လောက်ကများ အကြိမ်တထောင် ငြင်းပယ်ခံရလောက်အောင် အခွင့်အရေးတခုအတွက် ကျိုးစားဘူးကြပါသလဲ ။ သိပ်များမယ်လို့တော့ မထင်ပါဘူး ။ ဘာလို့လည်းဆိုတော့ ကိုလိုနယ် ဆဲန်ဒါးလို အောင်မြင်တဲ့သူတွေ သိပ်မရှိလို့ပါ ။ အောင်မြင်မှုနဲ့ စီးပွားရေးမှာ အသက်အရွယ်ဟာ အတားအဆီးမဟုတ်ပါဘူး ။ အမှန်တကယ်လိုအပ်တာက ရရှိတဲ့ အကြံဥာဏ်ကို လက်တွေ.အကောင်အထည်ဖေါ်ပြီး မှန်မှန်ကန်ကန် အစီအစဉ်ချမှတ်ဖို့နဲ့ မဆုတ်မနစ် ကျိုးစားဖို့ပဲလိုပါတယ် ။
ကိုခါး ဘာသာပြန်ဆိုသည် ။
အောင်မြင်ဖို့ တကြိမ်ပဲလိုတယ်
"ဘ၀တလျှောက်လုံး အကြိမ်ကြိမ် ကျရှုံးပေမဲ့လည်း အောင်မြင်ဖို့အတွက်တော့ တကြိမ်ပဲလိုတယ် ။"
အသက် ၅ နှစ်အရွယ်မှာ သူ့ဖခင်သေဆုံးခဲ့ပြီး ။ သူ့မိခင်ဟာ မိသားစုအတွက် အလုပ်လုပ်နေခဲ့ရတာကြောင့် သူဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သူ့ညီလေးနဲ့ ညီမလေးကို စောင့်ရှောက်ရင်း သူ့တို့အတွက် ချက်ပြုတ်ကျွေးမွေးခဲ့ရတယ် ။
အသက် ၁၂ နှစ်အရွယ်မှာ မိခင်နောက်အိမ်ထောင်ပြုတော့ ပထွေးက မိခင် အပြင်သွားခိုက်တွေမှာ ရိုက်နှက် နိပ်စက်တာကို ခံခဲ့ရတယ် ။
အသက် ၁၄ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး ခြေသလုံးအိမ်တိုင် ဘ၀ကို စတင်ခဲ့တယ် ။
အသက် ၁၆ နှစ်မှာ အသက်လိမ်ပြီး စစ်ထဲဝင်ခဲ့ပေမဲ့ သင်္ဘောမူးတဲ့ ဝေဒနာကြောင့် သူ့မွေးရပ်မြို.ကလေးကို ပြန်ပို့ခံခဲ့ရတယ် ။
အသက် ၁၈ နှစ်မှာ သူ့မိန်းမကို လက်ထပ်ခဲ့ပေမဲ့ လအနည်းငယ်အတွင်း သူပိုင်ပစ္စည်းတွေကို ရောင်းစားပြီး သူမ မိသားစုဆီပြန်သွားခဲ့တယ် ။
အသက် ၂၀ လျှပ်စစ်ဝန်ထမ်း ၊ လှေသမား ၊ နောက်ပိုင်း မီးရထား လုပ်သား တွေ လုပ်ခဲ့ပေမဲ့ ဘာတခုမှ ရှောရှော ရူရှူ မရှိခဲ့ဘူး ။
အသက် ၃၀ မှာ အာမခံ ကုမ္မဏီမှာ လုပ်ခဲ့ပေမဲ့ သူဌေးနဲ့ ပြဿနာဖြစ်လို့ အလုပ်ဖြုတ်ခံရတယ်။
အသက် ၃၁နှစ်မှာ ကိုယ်တိုင်သင်ယူပြီး သူငယ်ချင်းရှေ.နေရဲ့ လမ်းညွှန်မှုနဲ့ ရှေ.နေလုပ်ခဲ့ပေမဲ့ တရားရုံးမှာ အမှုသည်နဲ့ ရန်ဖြစ်ခဲ့ ထိုးနှက်ခဲ့တယ် ။
အသက် ၃၂ နှစ်မှာ အလုပ်မရှိလို့ ဘ၀ဟာ ခက်ခဲခဲ့တယ် ။
အသက် ၃၅ နှစ်မှာ သူမောင်းလာတဲ့ ကား တံတားတခုကို ဖြတ်စဉ် တံတားကျိုးပြီး မြစ်ထဲ ပြုတ်ကျလို့ ဒဏ်ရာ အကြီးအကျယ်ရခဲ့တာကြောင့် တာယာ အရောင်းသမားဘ၀ကို စွန့်လွတ်ခဲ့ရတယ် ။
အသက် ၄၀မှာ ဓာတ်ဆီအရောင်းဆိုင် ဖွင့်ခဲ့ပေမဲ့ ပြိုင်ဘက်နဲ့ ဆိုင်းဘုတ်ကိစ္စနဲ့ ပြဿနာဖြစ်ခဲ့တယ် ။
အသက် ၄၇ မှာ ဒုတိယ အိမ်ထောင်နဲ့ ကွာရှင်းခဲ့ပြီး သားသမီး ၃ ဦးရခဲ့တယ် ။
အသက် ၆၁ နှစ်မှာ လွတ်တော် အမတ် ၀င် အရွေးခံခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး
အသက် ၆၅ နှစ်မှာ ကြက်ကြော်ဆိုင် လေး တခု ဖွင့်ခဲ့တယ် ။ အစိုးရကလမ်းချဲ.တော့ ဆိုင်ဖျက်ပေးခဲ့ရပြီး သူပိုင် ပစ္စည်းတွေလည်း လျော့ဈေးနဲ့ ရောင်းပစ်ခဲ့ရတယ်။
အသက် ၆၆ နှစ်မှာ ဘ၀ရပ်တည်ဖို့ အတွက် စားသောက်ဆိုင်တွေမှာ ကြက်ကြော်နည်းပညာ ရောင်းဖို့ လိုက်စပ်ခဲ့ရတယ် ။
အသက် ၇၅ မှာ အလုပ်မလုပ်နိုင်တော့တာကြောင့် အမေရိကန်က KFC ဆိုင်တွေကို ဒေါ်လာ ၂ သန်းနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ရောင်းခဲ့ပေမဲ့ ကနေဒါက ဆိုင်တွေကိုတော့ မရောင်းခဲ့ဘူး။ မကြာခင်မှာပဲ ရှယ်ယာဈေးတွေတက်လာလို့ ဘီလျံနာ ဖြစ်လာခဲ့တယ် ။
အသက် ၈၃ မှာ Fast Food ဆိုင်ဖွင့်ခဲ့ပေမဲ့ ကုန်အမှတ်တံဆိပ်ကြောင့် အမှုရင်ဆိုင်ခဲ့ရတယ် ။
အသက် ၈၈ နှစ်မှာ အကြီးအကျယ်အောင်မြင်ခဲ့ပြီး ။ သူ့နာမည်ကိုလည်း တကမ္ဘာလုံးက သိသွားခဲ့တယ် ။
အသက် ၉၀ မှာ သူဟာ သေဆုံးသွားခဲ့တယ် ။
သူ့နာမည်ကတော့ KFC ရဲ့ဖန်တီးရှင် Harland David Sanders ပဲ ဖြစ်ပါတယ် ။
"ဘ၀တလျှောက်လုံး အကြိမ်ကြိမ် ကျရှုံးပေမဲ့လည်း အောင်မြင်ဖို့အတွက်တော့ တကြိမ်ပဲလိုတယ် ။"
ကိုခါး ဘာသာပြန်ဆိုသည် ။
Labels:
ရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment